MNDAA လက်နက်ကိုင်အဖွဲ့များ ယာယီခံစစ်ပြင်ဆင် အခြေပြုထားသော ပွိုင့်-၁ဝ၈၈ တောင်ကုန်းအား တပ်မတော်က သိမ်းပိုက်ရရှိ


နေပြည်တော် မတ် ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင် နယ်မြေအတွင်းMNDAA လက်နက် ကိုင်အဖွဲ့များက နှစ်နိုင်ငံနယ်စပ် နီးကပ် မှုကို အခွင့်ကောင်းယူ၍ အခြေပြုထား သော ပွိုင့်-၁ဝ၈၈ တောင်ကုန်းအား တပ်မတော်က မတ်လ ၁၇ရက်နေ့ နံနက် ၁ဝ နာရီခွဲ တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရ သည်။

လောက်ကိုင် နယ်မြေအတွင်းMNDAA လက်နက်ကိုင်အဖွဲ့များ သည် နှစ်နိုင်ငံ နယ်စပ်နီးကပ်မှုကို အခွင့် ကောင်းယူ၍ ရန်လုံကျိုင်းနယ်စပ် စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် လောက်ကိုင်-ရန်လုံကျိုင်းလမ်းကြောင်း ကို စိုးမိုးပြီး ယာယီခံစစ်စခန်း ပြင်ဆင် ခြေကုပ်ယူထားသော ပွိုင့်-၁ဝ၈၈ တောင်ကုန်းကို တပ်မတော်စစ်ကြောင်း များက မတ် ၈ ရက်မှစတင် တိုက်ခိုက် ရင်ဆိုင်ထိန်းချုပ်ပြီး မတ်လ ၁၇ရက်နေ့  နံနက် ၆ နာရီ ခန့်မှ စတင်၍ အမြောက်၊ လက်နက်ကြီး ပစ်ကူယူတိုက်ခိုက်ခဲ့ရာ နံနက် ၁ဝ နာရီ ခွဲခန့်တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။


တပ်မတော်အနေဖြင့် ပွိုင့်-၁ဝ၈၈ တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာတွင် တစ်ဖက်နိုင်ငံနှင့် မီတာ ၈ဝဝ ခန့် အကွာ နှစ်နိုင်ငံနယ်စပ်နီးကပ်နေသဖြင့် အမြောက်၊ လက်နက်ကြီးများ၏ ပစ်ခတ်မှု များကို တစ်ဖက်နိုင်ငံသို့ ကျည်ကျော် ကျရောက်မှုမရှိစေရန် တိကျစွာတွက်ချက် ထိန်းချုပ်၍ စနစ်တကျပစ်ခတ်ထိန်းသိမ်း တိုက်ခိုက်ခဲ့ရသည့် တောင်ကုန်းတစ်ခု ဖြစ်သည်။ ဖြစ်စဉ်တွင် MNDAA လက်နက်ကိုင်အဖွဲ့ထံမှ အလောင်း ခြောက်လောင်း၊ လက်နက်မျိုးစုံ ၁၆ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းအများ အပြား သိမ်းဆည်းရမိခဲ့ပြီး မိမိ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လောက်ကိုင်-ရန်လုံကျိုင်း လမ်း ကြောင်းအား အဓိကစိုးမိုးနေသည့် ပွိုင့်-၁၂၆၉ တောင်ကုန်းကိုလည်း တပ်မတော်က မတ် ၁၅ ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သဖြင့် ယခုအခါ လောက်ကိုင်မြို့တွင်းနှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ်ကားလမ်းတစ်လျှောက် စိုးမိုး တောင်ကုန်းများတွင် နေရာယူထားသည် MNDAAလက်နက်ကိုင်အဖွဲ့များကို တပ်မတော်စစ်ကြောင်းများက ဖယ်ရှား ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ဘီပီ ၁၂၅ နှင့် ဘီပီ ၁၂၆ အနီးတစ်ဝိုက် တောင်ကုန်းများတွင် ယာယီခြေကုပ်ယူ အခြေပြုထားသည့် MNDAA လက်နက်ကိုင် အဖွဲ့များကိုလည်း တပ်မတော် စစ်ကြောင်းများက ဆက်လက်ရှင်းလင်း တိုက်ခိုက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
MNDAA လက်နက်ကိုင်အဖွဲ့များ ယာယီခံစစ်ပြင်ဆင် အခြေပြုထားသော ပွိုင့်-၁ဝ၈၈ တောင်ကုန်းအား တပ်မတော်က သိမ်းပိုက်ရရှိ MNDAA လက်နက်ကိုင်အဖွဲ့များ ယာယီခံစစ်ပြင်ဆင် အခြေပြုထားသော ပွိုင့်-၁ဝ၈၈ တောင်ကုန်းအား တပ်မတော်က သိမ်းပိုက်ရရှိ Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.