KIO/KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မူဆယ်မြို့ရှိ မြ၀တီဘဏ်ခွဲထံသို့ ဆက်ကြေးပေးဆောင် ရန်ခြိမ်းခြောက်စာပေးပို့


နေပြည်တော် မတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ပန်လုံ(၅)လမ်းရှိ မြ၀တီဘဏ်ခွဲရှေ့သို့ မတ် ၈ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် ဆိုင်ကယ်သမားတစ်ဦးက ဆက်ကြေးပေးဆောင်ရန် ခြိမ်းခြောက်အကြောင်းကြားစာအား လာရောက်ပစ်ခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါစာတွင် မြ၀တီဘဏ်အနေဖြင့် KIO/KIA (တောင်ပိုင်းတိုင်း)ထံသို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အခွန်ငွေကျပ် သိန်း ၆၀၀ ကို မတ် ၁၅ ရက် နောက်ဆုံးထားပေးဆောင်ရန် ရေးသားပါရှိသည်။ ယင်းခြိမ်းခြောက်အကြောင်းကြားစာရရှိပြီးနောက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းက အဆိုပါနေရာ တစ်ဝိုက်၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသည်။


၂၀၁၅ ခုနှစ် မတ် ၁၉ နှင့် ၂၀ ရက်များကလည်း အကြမ်းဖက်သောင်းကျန်းသူများသည် အဆိုပါမြ၀တီဘဏ်ခွဲမှ ဆက်ကြေးပေးဆောင်ရန် ခြိမ်းခြောက်စာများပေးပို့ခဲ့ရာ အဆင်ပြေမှုမရှိသဖြင့် ဧပြီ ၂၅ ရက်တွင် အရပ်ဝတ်ဝတ်ဆင်ထားသည့် အကြမ်းဖက် သောင်းကျန်းသူနှစ်ဦးကဘဏ်အား လက်နက်ငယ်ဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
KIO/KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မူဆယ်မြို့ရှိ မြ၀တီဘဏ်ခွဲထံသို့ ဆက်ကြေးပေးဆောင် ရန်ခြိမ်းခြောက်စာပေးပို့  KIO/KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မူဆယ်မြို့ရှိ မြ၀တီဘဏ်ခွဲထံသို့ ဆက်ကြေးပေးဆောင် ရန်ခြိမ်းခြောက်စာပေးပို့ Reviewed by THITHTOOLWIN on 15:59 Rating: 5
Powered by Blogger.