IS ထိန်းချုပ်ရာ ရက်ကာမြို့နား က လေဆိပ် ကို သူပုန် အဖွဲ့ သိမ်းပိုက်


ဆီးရီးယား နိုင်ငံမှာ ရှိတဲ့ ISအဖွဲ့ ရဲ့ အဓိက ခြေကုပ် စခန်း ဖြစ်တဲ့ ရက်ကာ မြို့ နား က လေဆိပ် တစ်ခု ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဆီးရီးယား သူပုန် မဟာမိတ် အဖွဲ့ က ပြောပါတယ်။

ကဒ် လက်နက်ကိုင် အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ SDF သူပုန် အဖွဲ့ ဦးဆောင်ပြီး ရက်ကာ မြို့နား က တက်ဘ်ကာ လေဆိပ် ကို IS တွေ ရဲ့ လက် ကနေ ပြန်လည် သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လေဆိပ်ဟာ ရက်ကာ မြို့နဲ့ ကီလိုမီတာ ၄၀ လောက် အကွာအဝေးမှာ တည်ရှိပြီး ဆီးရီးယား နိုင်ငံက အကြီးဆုံး ရေလှောင် တမံ ကြီး ဖြစ်တဲ့ တက်ဘ်ကာ ရေလှောင် တမံ ကြီးရဲ့ အနီးအနားမှာ တည်ရှိတာ ဖြစ်ပါတယ်။

အမေရိကန် ဦးဆောင် တဲ့ မဟာမိတ် တပ်ဖွဲ့ တွေရဲ့ လေကြောင်း တိုက်ခိုက်မှု ကြောင့် အကြီးဆုံး ရေလှောင် တမံကြီး ကျိုးပေါက် တော့မှာ ဖြစ်တဲ့ အတွက် ရက်ကာ မြို့ကို စွန့်ခွာ သွားကြဖို့ ကို IS တွေက သတိပေး နေကြောင်း ဆီးရီးယား က လာတဲ့ သတင်းတွေမှာ ဖော်ပြ နေပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
IS ထိန်းချုပ်ရာ ရက်ကာမြို့နား က လေဆိပ် ကို သူပုန် အဖွဲ့ သိမ်းပိုက် IS ထိန်းချုပ်ရာ ရက်ကာမြို့နား က လေဆိပ် ကို သူပုန် အဖွဲ့ သိမ်းပိုက် Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.