Leggings မိန်းမဝတ် ဘောင်းဘီကျပ် ဝတ်ဆင်သူတွေ လေယာဉ် ပေါ် တက်ခွင့် မရ


လက်ဂင်းစ် လို့ခေါ်တဲ့ ဘောင်းဘီ အကျပ် ဝတ်ဆင် ထားကြသူ ဆယ်ကျော် သက် မိန်းခလေး နှစ်ယောက် ကို အမေရိကန် က ယူနိုက်တက် လေကြောင်းလိုင်း ဟာ လေယာဉ်ပေါ် တက်ခွင့် မပေးခဲ့တဲ့ အတွက် အပြင်းအထန် ဝေဖန် ခံနေ ရပါတယ်။

ဒန်ဗာ မြို့ ကနေ တွိန်းစ် မြို့ ဆီ ကို ပျံသန်းမယ့် လေကြောင်း ခရီးစဉ်မှာ မိန်းခလေး သုံးယောက် က ကိုယ်ကျပ် ဘောင်းဘီ တွေ ဝတ်ဆင် ထားကြတာ ဖြစ်ပါတယ်။

တစ်ယောက် ကတော့ သူ့ရဲ့ ကျောပိုး အိတ် ထဲ က နောက်ထပ် ဝတ်စုံ တစ်ခု ကို ထုတ်ဝတ် ခဲ့လို့ လေယာဉ် ပေါ် တက်ခွင့် ရပေမယ့် အခြား ၂ ယောက် ကတော့ တက်ခွင့် မရခဲ့ပါဘူး။

အမျိုးသမီး တွေရဲ့ ခန္ဓာကိုယ် ဖော်ပြ ထားတဲ့ ကိုယ်ကျပ် ဘောင်းဘီ ဝတ်ဆင်မှု ဟာ မသင့်တော်တဲ့ ဝတ်စား ဆင်ယင်မှု ဖြစ်ကြောင်း ယူနိုက်တက် လေကြောင်း လိုင်း ရဲ့ ဂိတ်မှာ တာဝန် ထမ်းဆောင်တဲ့ အမျိုးသမီး ဝန်ထမ်း က ပြောကြားပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
Leggings မိန်းမဝတ် ဘောင်းဘီကျပ် ဝတ်ဆင်သူတွေ လေယာဉ် ပေါ် တက်ခွင့် မရ Leggings မိန်းမဝတ် ဘောင်းဘီကျပ် ဝတ်ဆင်သူတွေ လေယာဉ် ပေါ် တက်ခွင့် မရ Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.