စကာၤပူ ၀ါရင့်ဝန်ကြီး Goh Chok Tong မြန်မာနိုင်ငံရောက်ရှိ

စကာင်္ပူ ၀ါရင့်ဝန်ကြီး Goh Chok Tong
စကာင်္ပူ ၀ါရင့်ဝန်ကြီး Goh Chok Tong မြန်မာနိုင်ငံ ၃ ရက်ကြာ ခရီးစဉ်ကို ဒီကနေ့ စတင်ပါတယ်။

မတ်လ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိကြာမြင့်မယ့် ခရီးစဉ် အတွင်း နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်း စကာင်္ပူ နိုင်ငံခြားရေး ၀န်ကြီးဌာန ကြေညာချက် မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ နာယက သမ္မတဟောင်း ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် အကြီးအကဲ သူရ ဦးရွှေမန်း၊ အရင် သမ္မတရုံး ၀န်ကြီးဟောင်း လက်ရှိ လွှတ်တော် အမတ် ဦးစိုးသိန်းတို့နဲ့လည်း တွေ့ဆုံမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

စကာင်္ပူက ဖွင့်လှစ်မယ့် သက်မွေးပညာသင်တန်းကျောင်း ဆိုင်ရာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲကိုလည်း သမ္မတ ဦးထင်ကျော်နဲ့ စကာင်္ပူ ၀ါရင့်ဝန်ကြီး ဂိုချောက်တောင်တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
စကာင်္ပူ ၀ါရင့်ဝန်ကြီး Goh Chok Tong မြန်မာနိုင်ငံရောက်ရှိ စကာင်္ပူ ၀ါရင့်ဝန်ကြီး Goh Chok Tong မြန်မာနိုင်ငံရောက်ရှိ Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.