အရှိန်လွန်ကား လမ်းဘေး အိမ်ဝင်တိုက်မိ


မတ် ၂၉

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ(၁)ရပ်ကွက် ရန်ကုန်- မန္တလေး ကားလမ်း မဒေါက်လမ်းဆုံအနီးတွင် မတ် ၂၉ ရက် နံနက် ၁ နာရီခွဲခန့်က ကုန်တင် ၁၂ ဘီးယာဉ် အရှိန်လွန်ကာ ကားလမ်းဘေးရှိ အိမ်ခြံအားဝင်တိုက်မိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ညောင်လေးပင်မြို့ မြို့မ(၁)ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်း မဒေါက်လမ်းဆုံအနီးတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးအောင်ရီ ရွှေဘိုမြို့နေသူ မောင်းနှင်လာသော 7D/----- Nissan Diesel အမျိုးအစား ကုန်တင် ၁၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ မြို့မ(၁)ရပ်ကွက် ဘုရားကြီးလမ်း အိမ်အမှတ်(၄)၏ နေအိမ်အုတ်တံတိုင်းနှင့် အိမ်ရှေ့ဝရန်တာအား ဝင်ရောက်တိုက်မိခဲ့ရာ လူသေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။


သို့ပါ၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ဦးအောင်ရီအား မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အရှိန်လွန်ကား လမ်းဘေး အိမ်ဝင်တိုက်မိ အရှိန်လွန်ကား လမ်းဘေး အိမ်ဝင်တိုက်မိ Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.