ညောင်လေးပင်မြို့နယ်၌ ဆိုင်ကယ်နှင့်ကားတိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံးမှုဖြစ်ပွား


ညောင်လေးပင် မတ် ၂၉

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ (၄) ရပ်ကွက် ရန်ကုန်၊ မန္တလေးကားလမ်းတွင် ဆီဘောက်ဆာယာဉ်နှင့် ဆိုင်ကယ်တို့ မတ်လ ၂၈ ရက် ညနေ ၅ နာရီခွဲခန့်က တိုက်မိပြီး ဆိုင်ကယ်မောင်းသူအမျိုးသားတစ်ဦးအခင်းဖြစ်နေရာ၌ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့ မြောက်ဘက်အထွက် ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် ၉၉/၁ နှင့် ၉၉/၂ အကြား ၊ အထက (၂) ကျောင်းရှေ့တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရတာဝန်မှူးရဲအုပ်ဆန်းလွင်၊ မြို့မ (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးဦးနှင့်တာဝန်ရှိသူများသွားရောက်စစ်ဆေးရာ မ္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဟိန်းဇာလှိုင် ရွှေပြည်သာမြို့နေသူမောင်း နှင်ပြီး ယာဉ်နောက်လိုက် ဇော်ဦး၊ မင်းလှမြို့နေသူလိုက်ပါလာသော3B/----- Hino (၁ဝ) ဘီးဆီဘောက်ဆာယာဉ်နှင့် ညီညီသန်းမြို့မ(၁) ရပ်ကွက် ညောင်လေးပင်မြို့နေသူမောင်းနှင်လာသော အမှတ် ၄၅ယ/-----CLICK 125 ဆိုင်ကယ်တို့တိုက်မိပြီး ညီညီသန်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

သို့ပါ၍ ဆိုင်ကယ်မောင်းနှင်သူ ညီညီသန်းနှင့်မော်တော်ယာဉ်မောင်းနှင်သူ ဟိန်းဇာလှိုင်တို့အား ညောင်လေးပင်မြို့မရဲစခန်းက ယာဉ် (ပ) ၁၃/၂ဝ၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့်ထားပြီး ဟိန်းဇာလှိုင်အား အမှုဖြင့် ဖမ်းဆီးထားကြောင်းသတင်းရရှိသည်။

နေလင်း(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ညောင်လေးပင်မြို့နယ်၌ ဆိုင်ကယ်နှင့်ကားတိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံးမှုဖြစ်ပွား ညောင်လေးပင်မြို့နယ်၌ ဆိုင်ကယ်နှင့်ကားတိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.