တရား လွှတ်တော် ရှေ့ နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူများအား ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံး၌ စတင် ရုံးထုတ်
မြောက်ပိုင်းခရိုင်တရားရုံး၌ အစောင့်အကြပ်များအားတွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)
ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူ ၄ ဦးအား စတင် ရုံးထုတ်ခဲ့သော်လည်း ၄င်းတို့ အနက် ၂ ဦးမှာ ရှေ့ နေ ပါဝါ မတင်ထားသည့် အတွက် ယနေ့ တွင် စစ်ဆေး၍ မရသေးဘဲ လာမည့် အပတ် သောကြာနေ့ (မတ် ၂၄ ရက်)သို့ ပြန်လည် ချိန်းထားကြောင်း မြောက်ပိုင်း ခရိုင် တရားရုံးသို့ လာရောက် လေ့လာခဲ့သည့် တရားလွှတ်တော် ရှေ့ နေ ဦးမျိုးမင်းဦးက သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူများအား မြောက်ပိုင်း ခရိုင် တရားရုံး၌  ရုံးထုတ်လာစဉ်(ဆင်ဟွာ)
ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူများအား အရေးယူ ဆောင်ရွက်မှု အနေဖြင့် ကြည်လင်း(ခ)ဖိုးထူးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) ၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) ၊ လ၀ကအက် ၁၃(၁) ဖြင့်လည်းကောင်း ၊ အောင်ဝင်းဇော်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) ၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့် လည်းကောင်း ၊ ဇေယျာဖြိုးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ ဖြင့်လည်းကောင်း ၊ အောင်ဝင်းခိုင်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့ အရ မှုခင်း ရဲတပ်ဖွဲ့ မှ တရားစွဲ တင်ပို့ ရန် စီစဉ်လျက် ရှိကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)၏ ဥပဒေ အကြံပေး ဦးကိုနီသည် ဇန်န၀ါရီ ၂၉ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ လေ့လာရေး ခရီးမှ အပြန် ရန်ကုန်လေဆိပ်သို့ ရောက်ရှိစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
(Xinhua)
http://www.xinhuamyanmar.com
တရား လွှတ်တော် ရှေ့ နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူများအား ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံး၌ စတင် ရုံးထုတ် တရား လွှတ်တော် ရှေ့ နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူများအား ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံး၌ စတင် ရုံးထုတ် Reviewed by THITHTOOLWIN on 14:52 Rating: 5
Powered by Blogger.