မိသားစုချင်း စကားများရာက သစ်သားတုတ်နဲ့ ရိုက်ခဲ့တာကြောင့် အဒေါ်ဖြစ်သူသေဆုံး


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်မှာ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အခုလ(၂၈)ရက် ၊ ည(၇)နာရီခွဲအချိန်က ကညွှတ်ကွင်းမြို့ ၊ ငတိုးခင်ကျေးရွာက နေအိမ်တစ်ခုမှာ မိသားစုအချင်းချင်းစကားများရန်ဖြစ်ရာက အသက်(၅၅)နှစ်အရွယ်အမျိုးသားတစ်ဦးက ချွေးမဖြစ်သူနဲ့ အဒေါ်တို့ကို သစ်သားတုတ်နဲ့ ရိုက်ခဲ့တာဖြစ်ပါတယ်။

 အရိုက်ခံရတာကြောင့် ကညွှတ်ကွင်းတိုက်နယ်ဆေးရုံကိုပို့ ဆောင်ခဲ့ရာ အဒေါ်ဖြစ်သူက နောက်တစ်နေ့မနက်မှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တုတ်နဲ့ ရိုက်နှက်ခဲ့သူ ဦးတင်သိန်းကို ကညွတ်ကွင်းနယ်မြေရဲစခန်းက ပြစ်မှုပုဒ်မ ၂၉၅/၃၂၅ တို့နဲ့ ကနဦး အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။

သတင်းထောက်- ဖြိုးကိုလင်း(ညောင်ဝိုင်း)
5 Plus News
https://www.facebook.com/5plusnews
မိသားစုချင်း စကားများရာက သစ်သားတုတ်နဲ့ ရိုက်ခဲ့တာကြောင့် အဒေါ်ဖြစ်သူသေဆုံး မိသားစုချင်း စကားများရာက သစ်သားတုတ်နဲ့ ရိုက်ခဲ့တာကြောင့် အဒေါ်ဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.