ဘူးသီးတောင်မြို့နယ် မသင်္ကာဖွယ်လူ ၁၃ ဦး ဖမ်းဆီးရမိ

မသင်္ကာဖွယ်လူ ၁၃ ဦး ဖမ်းဆီးရမိ
မတ် ၂၀ ၊ ၂၀၁၇

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တင်းမေရွာ တောင်ကုန်းအနီးတွင် မတ် ၁၉ ရက် နံနက် ၇ နာရီတွင် မသင်္ကာဖွယ်ရာလူ (၁၃) ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် တင်းမေရွာ အရှေ့ဘက် မီတာ ၄၀၀ ခန့်အကွာတွင် မသင်္ကာဖွယ် လူများစုဝေး ရောက်ရှိနေကြောင်း သတင်းအရနယ်မြေခံတပ်ရင်းနှင့် ရဲတပ်ဖွဲ့တို့မှ မတ် ၁၈ ရက် ည ၉ နာရီတွင် ကင်းပုန်းဝပ်ဆောင်ရွက်ခဲ့သည်။


မတ် ၁၉ ရက် နံနက် ၅ နာရီတွင် ထူးခြားမှုမရှိသဖြင့် ရွာမြောက်ဘက် တောင်ကုန်းများသို့ ဆက်လက်ရှာဖွေရာ နံနက် ၆ နာရီတွင် တောင်ကုန်းပေါ်မှ ဆင်းလာသော မသင်္ကာဖွယ်ရာ လူတစ်စုကို တွေ့ရှိ၍ မေးမြန်းစစ်ဆေးရန် ခေါ်ယူရာတွင် လာရောက်ခြင်းမရှိဘဲ ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီး ခဲ့ရာ တင်းမေကျေးရွာနေ အဒူရှောရှီးအပါအဝင် မသင်္ကာဖွယ်လူ ၁၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ဘူးသီးတောင်မြို့နယ် မသင်္ကာဖွယ်လူ ၁၃ ဦး ဖမ်းဆီးရမိ ဘူးသီးတောင်မြို့နယ် မသင်္ကာဖွယ်လူ ၁၃ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.