မောင်တောမြို့နယ်အတွင်း၌ သိန်းပေါင်း (လေးထောင်)နီးပါးခန့် တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မောင်တောမြို့နယ်အတွင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မတ်၂၀၊ ၂၀၁၇

မတ် ၂၀ ရက်က မောင်တောမြို့နယ် နတ်မြစ်အတွင်း၌ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် လက်ခတ်လှေ တစ်စီးနှင့် မြို့မတောင်ရပ်ကွက်အတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ တပ်မတော်(ရေ) မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ်လ ၂၀ ရက် နံနက် ၃နာရီ ကျော်တွင် နတ်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်နေရာမှ တုံးချောင်းဝအရောက်တွင် မိမိနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လှော်ခတ်နေသော မသင်္ကာဖွယ် လက်လှော်လှေ ၁စီးအား တွေ့ရှိသည်။

အဆိုပါလှေအား မီးအချက်ပြ၍ ခေါ်ယူသော်လည်း လာရောက်ခြင်း မရှိသောကြောင့် လိုက်လံ ဖမ်းဆီးခဲ့ရာ တုံးချောင်းဝအနောက်ဘက် မြန်မာ့ရေပိုင် နက်အတွင်း ဖမ်းဆီးရမိပြီးလှေပေါ်မှ လူ ၄ဦးနှင့် အတူ ဆာလာအိတ်ဖြင့် ထုတ်ပိုးထားသည့် ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများနှင့်အတူပါလာသည့် ဆာလာအိတ်များအား မောင်တော မြို့နယ် POE စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့များက ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၁၈၅၀၀၀ပြား ကာလတန်ဖိုး ကျပ် ၃၇၀၀၀၀၀၀၀ ခန့် သိမ်းဆည်းရမိသည်။


အလားတူ မတ် ၂၀ ရက် နံနက် ၇ နာရီတွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း အဖွဲ့သည် ကျေးရွာတာဝန်ရှိသူများနှင့်အတူ မောင်တောမြို့ မြို့မတောင်ရပ်ကွက် ငါးခူရရွာနေ မောင်လှဝင်း(ခ) မာမွတ်ယီယာစ် ၃၂ နှစ်၏ နေအိမ်အားသတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ် အောက်ခန်း စားပွဲခုံအောက်မှ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၉၇၅၀ ပြား၊ ကာလတန်ဖိုး ကျပ် ၁၉၅၀၀၀၀၀ခန့်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြုသော Honor အမျိုးအစား ဖုန်းတစ်လုံး တို့အား သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေး ယူဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
မောင်တောမြို့နယ်အတွင်း၌ သိန်းပေါင်း (လေးထောင်)နီးပါးခန့် တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ မောင်တောမြို့နယ်အတွင်း၌ သိန်းပေါင်း (လေးထောင်)နီးပါးခန့် တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.