ချောင်းဆုံမြို့နယ်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွား


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ရှိ ချောင်းဆုံမြို့နယ်မှာ မတ်လ(၂၆)ရက်နေ့က ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာမတ်လ(၂၆)ရက်နေ့၊ည(၆)နာရီ(၄၅)မိနစ်ခန့်က ချောင်းဆုံမြို့နယ်၊ ညောင်လန်းကျေးရွာက ကျိုက်ဒိုးတောရကျောင်းရဲ့နားနေဆောင်ရှိ ဘုရားစင်မှာ ရွာသူရွာသားတွေက ဘုရားမီးလာရောက်ထွန်းညှိပူဇော်ထားတဲ့ဖယောင်းတိုင်မီးကတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မော်လမြိုင်ခရိုင်
မီးသတ် ဦးစီးဌာနက သိရပါတယ်။


အဲဒီ မီးလောင်မှုကြောင့် ပေ(၂၀)ပတ်လည် သွပ်မိုးပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နား နေဆောင် (၁) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုးမှာ သုံးသိန်းခန့် ရှိတယ်လို့ မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနရဲ့ထုတ်ပြန် ချက်အရသိရပါတယ်။

 အဲဒီမီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချောင်းဆုံမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂) စီး၊မုဒွန်း ကျေးရွာအရန်မီးသတ်စခန်းက မီးသတ်စက်ယာဉ်(၁)စီး၊သန္ဓေ(၁၃)ဦး၊ အရန်မီးသတ်
အယောက်(၈၀)အပြင် ကျေးရွာ နေပြည်သူတွေ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည(၇)နာရီ(၄၅)မှာမီးထိန်းနိုင်ခဲ့ပြီးည(၈)နာရီအချိန်မှာမီးလုံးဝ ငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဲဒီမီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကျိုက်ဒိုးတောရကျောင်းတိုက်မှာ သက်တော်(၁၀၂)နှစ်အရွယ်ရှိကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဘဒ္ဒန္တနာဂိန္ဒ သတင်းသုံးနေထိုင်တာဖြစ်ကြောင်းနဲ့ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားခြင်း မရှိဘူးလို့ မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနကသိရပါတယ်။ ဒီသတင်းကိုမော်လမြိုင်ဗျူရိုက ဗထူးပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ချောင်းဆုံမြို့နယ်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွား  ချောင်းဆုံမြို့နယ်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.