ဒီမိုကရေစီအင်အားစုနဲ့ နီးစပ်အောင် တပ်မတော်က ကြိုးစားလာပြီဖြစ်ကြောင်း သူရဦးတင်ဦးပြော

( မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင် NLD ပါတီ နာယက သူရဦးတင်ဦးကို တွေ့ရစဉ် ) Photo: Kyaw Zaw Win/RFA
တပ်မတော်ဟာ ပျော့ပြောင်းညင်သာတဲ့ လမ်းကို ပြောင်းလဲလာနေပြီဖြစ်ပြီး ဒီမိုကရေစီ အင်အားစုဖက်ကို နီးစပ်အောင် ကြိုးစားလာပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နာယက သူရဦးတင်ဦးက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပါတီ နာယက သူရဦးတင်ဦးက ပြောခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအောင်မြင်ရေး လတ်တလောဦးတည်ဆောင်ရွက်နေကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီ၊ လွှတ်တော်၊ အစိုးရနဲ့ တပ်မတော်တို့ ညီညီညွတ်ညွတ် ပေါင်းစပ်ပြီး တိုင်းရင်းသားမျိုးနွယ်စုအားလုံး ပါဝင်တဲ့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကြဖို့ သူရဦးတင်ဦးက တိုက်တွန်းခဲ့ပါတယ်။

အခမ်းအနားကို နိုင်ငံရေးပါတီတချို့က သဝဏ်လွှာတွေ ပေးပို့ခဲ့ပြီး ၀ါရင့်နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ သံတမန်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တချို့ တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

ဒီမိုကရေစီအင်အားစုနဲ့ နီးစပ်အောင် တပ်မတော်က ကြိုးစားလာပြီဖြစ်ကြောင်း သူရဦးတင်ဦးပြော ဒီမိုကရေစီအင်အားစုနဲ့ နီးစပ်အောင် တပ်မတော်က ကြိုးစားလာပြီဖြစ်ကြောင်း သူရဦးတင်ဦးပြော Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.