ဒိုက်ဦးမြို့နယ် ဖအောင်ဝဲရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား


ဒိုက်ဦး မတ်.၃၀

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဖအောင်ဝဲရပ်ကွက်တောင်ပိုင်း အောင်သုခလမ်းရှိ ဦးကြီးတန်(ခ) ဦးပိန်(၈၆)နှစ် သမီးဖြစ်သူဒေါ်မကြီး(၄၈)နှစ် ဆွံ့အနားမကြား မျက်လုံ့တစ်ဖက်ကွယ်နေသူတို့ နေထိုင်သော(၂၇ပေ×၃၆ပေ)အုတ်ညှပ်(၂)ထပ်တိုက်နေအိမ်တွင် မတ်၃၀ရက်နံ့နက်(၄း၁၅)နာရီ အချိန်က ဒါးမိန်းအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။


ဒိုက်ဦးမြို့မီးသတ်ဦးစီးဌာနမှ မီးသတ်ကား(၄)စီးမီးသတ်အင်အား(၁၅)ဦးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက်(၅း၁၅)နာရီအချိန်တွင် မီးငြိမ်းသွားပြီး အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းမှုမရှိဘဲ လူ တိရစ္ဆန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သတင်းရရျိသည်။

အဆိုပါ မိီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး(၉)သိန်းခန့် ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူဦးကြီးတန်အား ဒိုက်ဦးမြို့မရဲစခန်း(ပ)၂၀၉/၂၀သို့ ရာဇသတ်ကြီးဥပဒေပုဒ်မ၂၈၅အရအမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဒိုက်ဦးမြို့နယ် ဖအောင်ဝဲရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား ဒိုက်ဦးမြို့နယ် ဖအောင်ဝဲရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.