ကျောက်မဲမြို့တွင် လက်ဘက်ခြံအတွင်း မိုင်းနင်းမိ၍ ကလေးနှစ်ဦးဒဏ်ရာရ


ကျောက်မဲ မတ်လ(၃၀)ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကော်ပေါင်ကျေးရွအုပ်စု၊ ကော်ပေါင်ကျေးရွာ၏ အရှေ့ဘက်(၂)မိုင်ခန့်အကွာရှိလက်ဘက်ခြံတွင် မတ်လ(၂၉)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန်ကကလေးငယ် (၂)ဦးမိုင်းနင်းမိပေါက်ကွဲခဲ့ပါသည်။


ဖြစ်စဉ်မှာကော်ပေါင်ကျေးရွာမှ ဒေါ်မိခမ်း(၄၅)နှစ်၊ (ဘ)ဦးဗီလာ၊ ပလောင်/ဗုဒ္ဓသည် မတ်လ(၂၉)ရက်နေ့ နံနက်ကလဘက်ခူးရန် လဘက်ခြံသို့ သွားရာ ၎င်း၏သား(၂)ဦးမှာလိုက်ပါလာခဲ့သည်။ လဘက်ခြံသို့ရောက်သော် ကလေး(၂)ဦး မှာအရှေ့မှ ပြေးဝင်သွားစဉ် မိုင်းနင်းမိ၍ ပေါက်ကွဲကာမောင်သိန်း (၁၁)နှစ်၊ (ဘ)ဦးဝိလာ၊ ပလောင်/ဗုဒ္ဓ၊ ပထမတန်းတွင် ၀ဲမျက်ခမ်းအောက် ခဲသီးဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ၀ဲနားရွက် ခဲသီးဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ယာကျောပြင် ခဲသီးဖောက်ဝင်ဒဏ်ရာ(၄)ချက်၊ ၀ဲဘက်ကျောပြင် ခဲသီးဖောက်ဝင်ဒဏ်ရာ(၆)ချက် (မစိုးရိမ်ရ)ဒဏ်ရာများနှင့် ညီဖြစ်သူ မောင်လှဝင်း (၈)နှစ်၊ ၀ဲဘက်ဦးခေါင်း ခဲသီးဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ ကျောပြင်တွင် ခဲသီးဖောက်ဝင်ဒဏ်ရာ (၅)ချက်၊ ၀ဲတံတောင်ဆစ်တွင် ခဲသီးဖောက်ဝင်ဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) ဒဏ်ရာများအသီးသီး ရရှိခဲ့ကြသဖြင့် ကျောက်မဲမြို့ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိပါသည်။

အဆိုပါကလေး(၂)ဦးအား မြို့နယ်စစ်ဘေးရှောင်ဦးစီးကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များကတစ်ဦးလျှင်(၅၀၀၀၀ိ/) ကျပ်စီထောက်ပံ့ပေးအပ် ထားကြောင်းသိရှိရပါသည်။

ကျောက်မဲခရိုင်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောက်မဲမြို့တွင် လက်ဘက်ခြံအတွင်း မိုင်းနင်းမိ၍ ကလေးနှစ်ဦးဒဏ်ရာရ ကျောက်မဲမြို့တွင် လက်ဘက်ခြံအတွင်း မိုင်းနင်းမိ၍ ကလေးနှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.