အမြန်လမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးသူတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး


ကျောက်တံခါး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန် -
နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၃/၄အနီး မြို့ချောင်းတိုက်နယ် ဆေးရုံရှေ့၌ မတ်လ၂၃ရက် နံနက်၎နာရီခွဲက လမ်းဖြတ်ကူးသူ တစ်ဦးအား ခရီးသည်တင်ယာဉ်မှ တိုက်မိသဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။


နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းဦးသိန်းဝင်း ၅၀နှစ်(ဘ)ဦးကြည်ညွန့်၊ သီတာအေးရပ်ကွက် ၄လမ်း လှည်းကူးမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ်1E/9071
Lite Bus အဖြူရောင်ယာဉ်သည် လမ်းဖြတ်ကူးသည့် ဦးအောင်ကြည်၅၂နှစ်(ဘ)ဦးဖိုးကျန် ကွန်
ဒေါင်းကျေးရွာ ရွှေဘိုမြို့နေသူအား ဝင်ရောက်တိုက်မိရာ ပြင်းထန်ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ယာဘက်ခြမ်းဘန်ကာ ပိန်ချိုင့်ပျက်စီးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းရဲစခန်းမှ ယာဉ်မောင်း ဦးသိန်းဝင်းအား အမူဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အမြန်လမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးသူတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး  အမြန်လမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးသူတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.