မိုးညှင်းသမ္ဗု​ဒ္ဓေ ဘုရားတွင်းရှိ အလှူ ခံပုံး​ဖောက်သော တရားခံအား ဖမ်းမိ


မုံရွာ၊ မတ်-၂၃

မုံရွာမြို့ရှိ၊ တန်ခိုးကြီးဘုရားဖြစ်သော မိုးညှင်းသမ္ဗု​ဒ္ဓေဘုရားအတွင်းတွင် ထားရှိသော အလှူ ခံပုံး ၄ ပုံးအား​ ဖောက်ကာ အတွင်းရှိ​ငွေများအား ခိုးယူသွားခဲ့သော တရားခံအား မတ်လ ၂၃ရက်နေ့  ယနေ့မနက်တွင် တာဝန်သိပြည်သူတစ်ဦးဖြစ်သော ဆိုင်ကယ်ကယ်ရီမောင်းသူမှ သတင်းပေးမှုကြာင့် ဖမ်းဆီးရခဲ့သည်ဟု မုံရွာမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၁၄ ရက်နေ့ မနက်ခင်းတွင် ဘုရားတွင်းရှိ အလှူ ခံပုံးမှာ အလှူ ငွေများပြည့်နေသဖြင့် ပုံးဖွင့်ပြီး အလှူ ငွေများသိမ်းဆည်းရန် မိုးညှင်းသမ္ဗု​ဒ္ဓေဘုရားရှိ သက်ဆိုင်ရာတာဝန်ရှိ ဘုရားဂေါပကအဖွဲ့မှ လုပ်ဆောင်စဉ် အလှူ ခံပုံးအောက်ခြေရှိ ပိတ်ထားသော ပျဉ်ချပ်များအား ခွာထားကာ ကောဇောလိပ်များထိုးသွင်း၍ ဟန်မပျက် ပိတ်ထားခဲ့သည်ကို တွေ့ခဲ့ရသဖြင့် ကျောင်းထိုင်ဘုန်းကြီးမှတစ်ဆင့် မုံရွာမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ဘုရားတွင်း တပ်ဆင်ထားသော CCTV အားစစ်ဆေးရာမှ တရားခံပုံမူကြမ်း ထုတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

"တရားခံကို လိုက်ပို့ပေးတဲ့ကယ်ရီသမားက ခုမနက်ုဖုန်းဆက်အကြောင်းတာ သူက cctv မှတ်တမ်းကထုတ်ထားတဲ့ တရားခံပုံကို မြင်ဖူးတာကြောင့် မသကာင်္လို့ ရဲစခန်းဖုန်းဆက်လှမ်းအကြောင်းကြားလို့ လိုက်သွားတော့ မုံရွာ-ရွှေဘို ​ပြေးဆွဲတဲ့ ကံရာမင်းကားပေါ်မှာ ခုလိုဖမ်းမိသွားတာ"ဟု တာဝန်ကျအရာရှိက ​ပြောသည်။

တရားခံမှာ ဝန်းသိုမြို့နယ်မှဖြစ်ပြီး မတ် ၁၄ ရက်နေ့ မနက်ခင်းကလည်း ယခုဆိုင်ကယ်ကယ်ရီသမားအား ဘုရားနီဂိတ်သို့ပို့ဆောင်ရန် ငှားခဲ့ကြာင်း၊ယနေ့ ၂ ရက်တွင်လည်း ဘုရားနီဂိတ်သို့ ပို့ဆောင်ရန်ငှါးသောကြောင့် cctv မှတ်တမ်းမှ ထုတ်ထားသောပုံအား မြင်ဖူးထားသဖြင့် မယုံသင်္ကာဖြစ်ကာ ရဲသို့လှမ်းအကြောင်းကြား ဖုန်းဆက်ခြင်းဖြစ်​သည်ဟု သိရသည်။

အဆိုပါတရားခံလွယ်ထားသော ​ဘေးလွယ်အိတ်အတွင်းမှ ​ငွေစက္ကူ ရောရာ ၇ သိန်းကျော် ​တွေ့ရှိ၍ ​မေးမြန်းခဲ့ရာ ၎င်းပိုင်ဆိုင်ကြောင်းပြနိုင်သည့် အထောက်အထား တစ်စုံတစ်ရာမရှိခဲ့ဟု ဆိုသည်။

မိုးညှင်းသမ္ဗု​ဒ္ဓေဘုရားသို့ ဘုရားဖူးယောင်ဆောင်၍ အလှူ ခံပုံတွင်းရှိ ​ငွေများအား ခိုးယူသွားသော တရားခံအား အမှု့ဖွင့် အရေးယူထားသည်ဟု ဆိုသည်။

ရတနာမိုး
Monywa Gazette
https://www.facebook.com/monywagazette
မိုးညှင်းသမ္ဗု​ဒ္ဓေ ဘုရားတွင်းရှိ အလှူ ခံပုံး​ဖောက်သော တရားခံအား ဖမ်းမိ မိုးညှင်းသမ္ဗု​ဒ္ဓေ ဘုရားတွင်းရှိ အလှူ ခံပုံး​ဖောက်သော တရားခံအား ဖမ်းမိ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.