မောင်တောမြို့ ခိုးဝင်ဂိတ်များတွင် ငွေကျပ် တစ်သိန်းပေးကာ ဘင်္ဂလီများ အ၀င်အထွက်လုပ်နေဟုဆို

ဓါတ်ပုံ - မောင်တော-ဘင်္ဂလာနယ်စပ် ပြင်ဖြူကျေးရွာရှိ ပြင်ဖြူစခန်းတွေ့ရစဉ်။
မောင်တော၊ မတ်လ ၂၆

မောင်တောမြို့နယ်အတွင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံနှင့် ကူးလူးနေသည့် ခိုးဝင်ဂိတ်ပေါက်များတွင် ငွေကျပ် တစ်သိန်းပေးပြီး ဘင်္ဂလီများ အ၀င်အထွက်ပြုလုပ်နေကြောင်း အောင်မင်္ဂလာကျေးရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။

အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးကတော " ၉/၁၀ အကြမ်းဖက်ပြဿနာတွေလို မည်မျှပင် ပေါ်ပေါက်နေပါစေ နယ်စပ် ခိုးဝင်ခိုးထွက် ဂိတ်တွေကတော အမြဲဖွင့်လျှက်ပါ။ ဘင်္ဂလီတစ်ဦး ဘင်္ဂလာကို သွားမည်ဆိုလျှင် တစ်ယောက်ကို တစ်သိန်းပေးလျှင် သွားချင်တဲ့အချိန် သွားလာခွင့် ပြုနေကြလို့ပါ။ ဥပမာ ပြင်ဖြူစခန်းနဲ့ တောင်ပြို လက်ဝဲစခန်းများကနေ အမြဲတမ်းသွားလာ နေတာတွေရှိပါတယ်။ ကျွှန်တော်နဲ့သိတဲ့ ကုလားတစ်ယောက် ဆေးကုသဖို့ဆိုပြီး အခုဘင်္ဂလာကို ခိုးထွက်သွားပါတယ်။ ပြန်လာချင်တဲ့အချိန် ပြန်လာနိုင်ပါတယ်။ ဒီလို အနေအထားမျိုးတွေ ရှိနေသရွေ့ ကျွှန်တော်တို့ မောင်တောဒေသ အနာဂတ်ပြဿတွေ အလွန် ရင်လေးစရာကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။ ” ဟု ပြောသည်။

မောင်တောမြို့နယ် ပြားသားကျေးရွာအနောက်ဖက် ဟာဘီရွာ(ဘဂ္ဂါဂုံးနား အုပ်စု) သို့ မတ်လ ၂၆ ရက်နေ့ ညနေအချိန်တွင် ဘင်္ဂလီ (ကုလားဆိုး ၅၀) ခန့် ဝင်ရောက်နေသည်ဟု စစ်ဘက်ဆိုင်ရာနှင့် ရဲဘက်ဆိုင်ရာများမှ လျှို့ဝှက်သတင်းများအရ သိရသည်။

“ အခုဆိုရင် ပြင်ပိုက်ကုလားရွာ၊ ဝက်ပိုက်ကုလားရွာနဲ့ ကျီးကန်းပြင်နောက်ရွာကုလားရွာစတဲ့ တကယ့် အကြမ်းဖက်သမားတွေ ခိုလုံခဲ့ပါတယ်။ ကွပ်ကဲ့ရေး ဌာနချုပ်ကို ဝင်တိုက်ခဲ့တဲ့ ဘင်္ဂလီတွေ အိမ်ပြန်လာနေကြတယ်လို့ သတင်းထွက်နေပါတယ်။ ဒီလိုအနေအထားတွေမှာ ကျွှန်တော်တို့ ရခိုင်ရွာတွေအတွက် အထူးစိုးရိမ်စရာပါ။ ” ဟု ပြင်ဖြူကျေးရွာမှ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဘင်္ဂလီတွေများလာလေ ရခိုင်တိုင်းရင်းသားများ နယ်ရပ်စွန့်ခွာမှူနှင့် သွားလာမူ များလာလေသည့် အနေအထားတွင် တွေ့နေရကြောင်း၊ အာဏာပိုင်များမှာ အစက ကားလမ်းနှင့် ကပ်လျှက်ရှိသည့် ဘင်္ဂလီရွာများကို ကိုက် ၃၀၀ ခန့်အထိ နောက်ဆုတ်ပေးမည်ဟု ကတိပြု ပြောကြားထားသော် လည်း ယခုအချိန်မှာ အပြောနှင့်အလုပ် မညီဖြစ်နေကြောင်း အောင်ဇေယျကျေးရွာသားများက ပြောဆိုကြသည်။

ကျီးကန်းပြင်ဌာနချုပ်အနီး ရခိုင်ရွာများဖြစ်သော အောင်းမင်္ဂလာကျေးရွာ (အိမ်ထောင်စု - ၁၀၅) စု၊ အောင်ဇေယျကျေးရွာ (အိမ်ထောင်စု - ၃၀) စု၊ အောင်သာယာကျေးရွာ (နတလ) နှင့် ရွာဟောင်း ၂ ရွာပေါင်း (အိမ်ထောင်စု - ၁၀၃)စု နှင့် ပြားသားရွာ (အိမ်ထောင်စု - ၆၅) စု စသည့် ကျေးရွာများရှိ ရခိုင်တိုင်းရင်းသားနေအိမ်များမှာ တစ်နေ့ထက်တစ်နေ့ လျှော့နည်းလာပြီး အာဏာပိုင်များမှာ ကျေးရွာအသစ် တည်မည်၊ မြို့သစ်ချပေးမည်ဟု ကြွေးကြော်နေသော်လည်း ယခုအချိန်ထိ မည်သည့်ကျေးရွာမှ မချပေးသေးကြောင်း သိရသည်။

ချလူးအောင်/DMG
Development Media Group
https://www.facebook.com/dmgnewsagency/
မောင်တောမြို့ ခိုးဝင်ဂိတ်များတွင် ငွေကျပ် တစ်သိန်းပေးကာ ဘင်္ဂလီများ အ၀င်အထွက်လုပ်နေဟုဆို မောင်တောမြို့ ခိုးဝင်ဂိတ်များတွင် ငွေကျပ် တစ်သိန်းပေးကာ ဘင်္ဂလီများ အ၀င်အထွက်လုပ်နေဟုဆို Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.