ပြည်မြို့မှ ရွှေပြည်စံ ဇာတ်အဖွဲ့ကား မိုးထိတောင်တွင် ချောက်ထဲထိုးကျ လူသေဆုံးမှုရှိ


ပဲခူးတိုင်းဒေသကြီး ပြည်မြို့  ခေတ္တရာမြို့သစ်ရပ်ကွက် (၉)လမ်း(၄)ကွက်မှ ရွှေပြည်စံ ဇာတ်အဖွဲ့ကားသည် ရခိုင်ဘက်မှ ပြည်ဘက်သို့ မတ်လ(၂၇)ရက်နေ့ နံနက်တွင် ပြန်လည်ထွက်ခွါ လာရာ ပြည်ခရိုင် ပန်းတောင်းမြို့နယ် မိုးထိတောင်အရောက် တိမ်းမှောက်၍ ချောက်ထဲထိုးကျခဲ့ပြီး သေဆုံး ဒဏ်ရာရမှုတွေ ရှိကြောင်း သိရပါသည်။

အဆိုပါ ယာဉ်ချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါလာသူများထဲမှ (၂)ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း ကနဦးသတင်းရရှိပါသည်။


အပြင်းထန်ဒဏ်ရာရရှိသူ (၁၆)ဦးအနက် ကားပေါ် ပါလာသော မီးစက်ပိ၍ အမျိုးသား(၁)ဦးသေဆုံးခဲ့ကြောင်း ယာဉ်ပေါ်ပါလာသူ လူဦးရေပေါင်း(၄၀)ကျော်(၅၀) နီးပါးပါရှိသည်ဟု လက်တစ်လောသတင်းအရသိ ရှိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်၍ ထိခိုက်ဒဏ်ရာရရှိသူများကို ဥသျှစ်ပင်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူပြီး ယခုညနေ(၄)နာရီ (၂၀)အချိန်ခန့်မှာ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပရဟိတအဖွဲ့များမှကူညီ၍ ပြန်လည်ခေါ်ဆောင် ပြောင်းရွေ့နေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြည့်သဲမောင်(ပြည်)
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
https://www.facebook.com/pyaynews/
ပြည်မြို့မှ ရွှေပြည်စံ ဇာတ်အဖွဲ့ကား မိုးထိတောင်တွင် ချောက်ထဲထိုးကျ လူသေဆုံးမှုရှိ ပြည်မြို့မှ ရွှေပြည်စံ ဇာတ်အဖွဲ့ကား မိုးထိတောင်တွင် ချောက်ထဲထိုးကျ လူသေဆုံးမှုရှိ Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.