ကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပွား

ဓါတ်ပုံ  - Ka Pho Tin
ကလေး မတ်လ ၂၅

ကလေးမြို့နယ်တွင် မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်ခန့်က ရာသီဥတု ရုတ်တရက် ဆိုးဝါးလာပြီး လေပြင်းများနှင့် အတူ မိုးများ ရွာသွန်းမှုကြောင့် သစ်ပင်များလဲကျ အမြစ်မှကျွတ်ထွက်ခြင်း၊ ရေစင်ကြီးများ ပြိုကျခြင်း၊ သွပ်မိုးများ လန်ထွက်ခြင်းများ ဖြစ်ပွားခဲ့သည်။



အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ခရိုင်လဝကရုံးအတွင်းရှိ သက်တမ်းရှည် ယူကလစ်ပင်ကြီးသည် လျှပ်စစ်ဓာတ်ကြိုးပေါ် လဲကျသဖြင့် ဓာတ်တိုင်များပါ လဲကျခဲ့ပြီး ဓာတ်ကြိုးများလည်း ပြတ်တောက်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံအတွင်းရှိ ယာယီစက်ဘီး Stand ခေါင်မိုးများ ပြိုကျပျက်စီးသွားကြောင်း၊ မြန်မာ့လေကြောင်းလေဆိပ် အဆောက်အဦတွင်ေ ခါင်မိုးများ ပြင်ဆင်ရန် ခွာချထား ချိန်ဖြစ်သောကြောင့် ဒိုင်းများ မျက်နှာကျက်ပေါ်လဲကျခဲ့ကြောင်း၊ ဘုရင်မဆိုင်ရှေ့ရှိ ဗန်ဒါပင်မှာလည်း လမ်းမပေါ်လဲကျခဲ့သဖြင့် လမ်းမပေါ်တွင် သစ်ကိုင်းများအမှိုက်များဖြင့် ပိတ်ဆို့သွားကြောင်း၊ ကံပုလဲ ကျေးရွာ သင်္ချိုင်းအတွင်းရှိ ကုက္ကိုပင်ကြီး များမှ ကိုင်းကြီးများလည်း ကျိုးပဲ့ခဲ့ကြောင်း၊ လေပြင်းမှာ နာရီဝက်ခန့် တိုက်ခတ်ခဲ့ပြီး မိုးရွာသွန်းခဲ့သဖြင့် လူသေဆုံးမှုနှင့် လူအထိအခိုက် မရှိကြောင်း၊ နန်းစောင်းပုကျေးရွာတွင် လူနေအိမ်နှင့် အိမ်သာသွပ်မိုးများ လန်ကျခဲ့ကြောင်း သတင်းရရှိသည်။

ကလေး (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပွား ကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.