သီပေါမြို့နယ်စဥ့်အင်နှင့် စံလောင်းကြားတွင် တွဲကားတစ်စီးမီးလောင်မှုဖြစ်ပွားနေ

PHOTO - ရန်ကုန်- မန္တလေး- မူဆယ် ကုန်တင်ယာဉ်ကြီးများအသင်း
သီပေါ၊ မတ် ၂၅။

ယနေ့ မတ်လ ၂၅ ရက် ညနေ ၄း၂၀ ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုးလမ်းပေါ် ရှိ၊ သီပေါမြို့နယ်၊ စဉ့်အင် ကျေးရွာ နှင့် စံလောင်းကျေးရွာအကြားတွင် တွဲကားတစ်စီးမီးလောင်မှုဖြစ်ပွားနေကြောင်း သီပေါရဲစခန်းမှာတ၀န်ကျရဲ ၀န်ထမ်းတစ်ဦးကယနေ့ ညနေ ၄း၄၀ တွင် AHN သို့ပြောသည်။

“ဟုတ်ပါတယ်။ ကားမီးလောင်မှုဖြစ်နေတာပါ။ မီးသတ်တွေ ၊ ရဲတွေသွားနေပါတယ်” ဟု ၄င်းကပြောသည်။
ကားမီးလောင်မှုဖြစ်သည်ဆိုခြင်းမှာမှန်ကန်ကြောင်း One More သီပေါ အဖွဲ့ မှ ကိုကျော်စွာက ပြောသည်။
“တွဲကားမီးလောင်တာပါဗျ။ အခြေအနေကို မသိရသေးပါဘူး။ မီးသတ်ကားတွေသွားနေပါတယ်ခင်ဗျား “ ဟု၎င်းကပြောသည်။

စိုင်းမင်း (ရှမ်းပြည်နယ်မြောက်ပိုင်း)

The Asia Heart News
သီပေါမြို့နယ်စဥ့်အင်နှင့် စံလောင်းကြားတွင် တွဲကားတစ်စီးမီးလောင်မှုဖြစ်ပွားနေ သီပေါမြို့နယ်စဥ့်အင်နှင့် စံလောင်းကြားတွင် တွဲကားတစ်စီးမီးလောင်မှုဖြစ်ပွားနေ Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.