နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာအုပ်စု ဆင်ဖြူရွာတွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်(၁၀)လုံး မီးလောင်ကျွမ်း

နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာအုပ်စု ဆင်ဖြူရွာတွင် မီးလောင်မှုဖြစ်ပွား
ကျောက်မဲ မတ် ၃၀

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ ကယားလမ်းကျေးရွာအုပ်စု၊ ဆင်ဖြူရွာတွင် မတ်လ(၃၀)ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်က ဦးရွှေအုံး (ဘ)ဦးရွှေခမ်းနေအိမ်တွင် ဘုရားမီး ပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်။


မီးလောင်သည့်ကျေးရွာသည် မြို့နှင့်ဝေးကွာပြီး၊ ကားလမ်းမပေါက်သဖြင့် မီးသတ်ဦးစီးဌာနမှ သွားရောက် ငြှိမ်းသတ်နိုင်ခြင်း မရှိဘဲ ကျေးရွာသူ ကျေးရွာသားများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၁၀ နာရီအချိန်တွင် မီးညွန့်ကျိုးကာ နံနက် ၁၁ နာရီအချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ပျဉ်ကာနေအိမ်(၁၀)လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့် ကျား(၁၈)ဦး၊ မ(၁၇)ဦး စုစုပေါင်း (၃၅)ဦးအား ကယားလမ်း စာသင်ကျောင်းတွင် နေရာချထားပေးကြောင်း၊ လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

အောင်မိုး(ကျောက်မဲ-ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာအုပ်စု ဆင်ဖြူရွာတွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်(၁၀)လုံး မီးလောင်ကျွမ်း နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာအုပ်စု ဆင်ဖြူရွာတွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်(၁၀)လုံး မီးလောင်ကျွမ်း Reviewed by THITHTOOLWIN on 15:02 Rating: 5
Powered by Blogger.