ခင်ဦးမြို့နယ် ကြာပင်အိုင်ကျေးရွာ၌ လူသတ်မှုတစ်ခုဖြစ်ပွား


ချစ်စံ(မတ်-၂၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကြာပင်အိုင်ကျေးရွာရှိ အောင်မင်္ဂလာကျောင်းတိုက်အတွင်း၌ (၂၈.၃.၂၀၁၇) ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က မင်းအောင် ၃၁ နှစ် (ဘ)ဦးစိန်ဝင်း ကြာပင်အိုင်ကျေးရွာ ခင်ဦးမြို့နယ်နေသူနှင့် ၀င်းနိုင် ၄၅ နှစ် (ဘ)ဦးဘိုမောင် မဏီကုန်းကျေးရွာ ခင်ဦးမြို့နယ်နေသူတို့ နှစ်ဦးမှာ တစ်ယောက်တစ်ခွန်း စကားများရာက မင်းအောင်မှ တုတ်ဖြင့်ရိုက်လိုက်ရာ ၀င်းနိုင်မှာ နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။


 သတင်းအရ မြို့မရဲစခန်းမှူး ဒုရဲမှူးသောင်းဝင်း၊ ညောင်ပင်ကြီးစုရဲကင်းမှူး ရဲအုပ်ဝင်းစိုး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးရာ သေဆုံးသူ ၀င်းနိုင်မှာ လည်ပင်းညိုမဲ ဒဏ်ရာတစ်ချက်နှင့် ယာဘက် လက်ဖမိုးပေါက်ပြဲ ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေကြောင်းတွေ့ရှိရသည်။


ဖြစ်စဉ်နှင့် ပါတ်သက်၍ အဆိုပါတရားခံ မင်းအောင်အား ခင်ဦးမြို့မရဲစခန်းမှ (ပ)၁၁၀/၂၁၀၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)
သစ်ထူးလွင်
ခင်ဦးမြို့နယ် ကြာပင်အိုင်ကျေးရွာ၌ လူသတ်မှုတစ်ခုဖြစ်ပွား ခင်ဦးမြို့နယ် ကြာပင်အိုင်ကျေးရွာ၌ လူသတ်မှုတစ်ခုဖြစ်ပွား Reviewed by THITHTOOLWIN on 15:31 Rating: 5
Powered by Blogger.