နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေဇား-ကပ္ပကောင်းကျေးရွာအုပ်စု ဂုံးနားရွာမှ အသက် (၁၅) နှစ် အရွယ် ဘင်္ဂလီ လူငယ် တစ်ဦးအသတ်ခံရကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အတည်ပြု ပြောကြားသည်။
ဖြစ်ပျက်ပုံမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲခန့် အချိန်တွင် မောင်တောမြို့နယ်၊ ရွှေဇား-ကပ္ပကောင်း ကျေးရွာအုပ်စု၊ ဂုံးနားရွာမှ မာမတ်ကာဆိမ်း(ဘ)ကာလာမျှာ အသက်(၁၅)နှစ် နှင့် မာမတ်နုရ်(ဘ)အိစ္စမိုင်(၁၂) တို့ နှစ်ဦး ဘောလုံးပွဲ သွားကြည့်ရာမှ အပြန် ဂုံးနားရွာ နှင့်စေတီပြင်ရွာကြား ဦးအာဘူအိမ်ရှေ့ အနီးတွင် တစ်ရွာတည်း နေထိုင်သူများ ဖြစ်ကြသည့် နုရ်အာလောင်(ဘ)ရှောင်းရှူ ၊ အဘူကာပတ် (ဘ)ဒွေးလာ၊ အာလီဇူဟာရ်(ဘ) ဟူဆောင်းအာမောက်၊ မာမတ်ရှား(ဘ)ရှောင်းရှူတို့(၄)ဦးမှ ၎င်း တို့ နှစ်ဦးအားလည်ဂုတ်ကိုဆွဲပြီး ဖမ်းဆီး ပြန်ပေး ဆွဲခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ခေါ်ဆောင်သွားစဉ် မာမတ်နုရ်(ဘ) အိစ္စမိုင်(၁၂)အသက် မှာထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း၊ သူ၏ ဖခင်အား အကြောင်းကြားရာ မာမတ်ကာဆိမ်း၏ အစ်ကိုဖြစ်သူနှင့် လွတ်မြောက်လာသူ မာမတ်နုရ်၏ ဖခင် အီစ္စမိုင်တို့မှ အမှတ် (၆)နယ်မြေရုံးသို့ တိုင်တန်းရာ နယ်ခြားစောင့်ရဲမှ ပုဒ်မ(၃၆၈)ဖြင့် အမှု ဖွင့် အရေးယူထားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ နံနက်တွင် ၎င်းကျေးရွာအနီးရှိ ချောင်းကမ်စပ်အနီး၌ ဖမ်းဆီး ပြန်ပေးဆွဲခံရသူ မာမတ်ကာဆိမ်း (ဘ) ကာလာမျှာ(၁၅)နှစ် အား သေဆုံးလျက် တွေ့ရှိခဲ့ရသည်ဟု သိရသည်။
ယခု တရားခံဟု ယူဆရသူအားလုံးကိုဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
အောင်ကျောင်မင်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ်တွင် ဘင်္ဂလီလူငယ် တစ်ဦးအသတ်ခံရ
Reviewed by THITHTOOLWIN
on
07:28
Rating:
