YBS ယာဉ်လိုင်းပြေးဆွဲမည့် ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူ ၃ ဦးကို ရဲတပ်ဖွဲ့မှဖမ်းဆီးရမိ အရေးယူ


ရန်ကုန်၊ ဇန်န၀ါရီ ၁၅

၁၅.၁.၂၀၁၇ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ ဗိုလ်ချုပ်မှတ်တိုင်တွင် စိုက်ထူထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်း အသစ်ပြေးဆွဲဆောင်ရွက်မည့် YBS ခရီးစဉ်နှင့် ပြေးဆွဲမည့်လိုင်းကားအမှတ်စဉ်နံပါတ်များပါ ခရီးသွားလမ်းညွှန်
ဆိုင်းဘုတ်ကိုဖျက်ဆီးခဲ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ၁၀၂၀ အချိန်ခန့်တွင် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့က သတင်းအရ အဆိုပါနေရာသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာ YBS ခရီးစဉ်နှင့် ပြေးဆွဲမည့်လိုင်းကားအမှတ်စဉ်နံပါတ်များပါ ခရီးသွား လမ်းညွှန် ဆိုင်းဘုတ်မှာ စုတ်ပြဲပျက်စီးနေသည်ကိုတွေ့ရှိ ခဲ့ရပါသည်။

၎င်းလမ်းညွှန်ဆိုင်ဘုတ်အား ဖျက်ဆီးသူများကို ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းအဖွဲ့မှ ဆက်လက်ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် လှိုင်သာယာမြို့နယ်သူနေ ထွန်းထွန်း၊ (၂၅)နှစ်၊ ရဲဇော်၊ (၂၅)နှစ်နှင့် ၀က်ကလေး(ခ)ကျော်သက်၊ (၂၃)နှစ်တို့ ၃ဦးအား ၎င်းတို့နေထိုင်ရာ (၅)ရပ်ကွက်၊ ဘောဂမြိုင်လမ်းပေါ်မှတွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးခဲ့ရာ အဆိုပါပြုလုပ်မှုအား ကျူးလွန်ခဲ့ကြကြောင်းပေါ်ပေါက်ခဲ့သဖြင့် ၎င်းတို့ ၃ ဦးအား လှိုင်သာယာမြို့မရဲစခန်း (ပ)၁၄၆/၂၀၁၇၊ ၁၉၄၇ခုနှစ်၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက် ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူ ထွန်းထွန်းပါ (၃)ဦးတို့သည် ပြောင်းလဲမှုအသွင်သစ်ဖြင့် YBS ယာဉ်လိုင်းများ ပြေးဆွဲဆောင်ရွက်မှုအပေါ် အပြုမဲ့သဘောဆောင်ကာ မလျော်ကန်ဖျက်လိုဖျက်ဆီးပြုလုပ်ခဲ့မှုအပေါ် ရဲတပ်ဖွဲ့မှ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
YBS ယာဉ်လိုင်းပြေးဆွဲမည့် ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူ ၃ ဦးကို ရဲတပ်ဖွဲ့မှဖမ်းဆီးရမိ အရေးယူ YBS ယာဉ်လိုင်းပြေးဆွဲမည့် ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်အား ဖျက်ဆီးခဲ့သူ ၃ ဦးကို ရဲတပ်ဖွဲ့မှဖမ်းဆီးရမိ အရေးယူ Reviewed by THITHTOOLWIN on 08:01 Rating: 5
Powered by Blogger.