ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွား |
ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ LIGHT TRUCK ကား ဘုရားဖူးပြန်လာတဲ့ အဖြူရောင်မော်တော်ယာဉ်ဟာ အမြန်လမ်းမှတ်တိုင်(၁၇၁)အကျော်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း အုတ်ခုံကို တိုက်မိရာမှ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီယာဉ်တိုက်မှုကြောင့်ယာဉ်ပေါ်ပါရှိသူအမျိုးသား(၁)ဦးနဲ့ အမျိုးသမီး(၁၀)ဦး ဒါဏ်ရာရခဲ့ပြီး LIGHT TRUCK ယာဉ် မှာ ခန့်မှန်းတန်ဖိုး(၁၅)သိန်းဖိုးခန့်ပျက်စီးဆုံးရှုံးခဲ့ကာ ဒဏ်ရာရှိသူတွေကို နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
အဲဒီယာဉ်မတော်တဆမှုကိုသာဂရအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ)၃/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို central news bureau က ပေးပို့တာပါ။
ဓါတ်ပုံ - Phyo Thu
Central News Bureau
https://www.facebook.com/skynetcnb/
ရန်ကုန်ဘက်ကနေ ဘုရားဖူး ပြန်လာတဲ့ ယာဉ် နေပြည်တော်အနီး တိမ်းမှောက်
Reviewed by THITHTOOLWIN
on
06:57
Rating: