ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးအား ကားစပယ်ယာတစ်ဦးက လိင်အကြမ်းဖက်

လိင်အကြမ်းဖက်ခဲ့သူဟု စွပ်စွဲခံထားရသူ
မုံရွာ၊ ဇန္န၀ါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်တွင် ဇန္န၀ါရီ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်က ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးအား အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးက လိင်အကြမ်းဖက်မှုတစ်ရပ် ပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် မုံရွာနယ်မြေ ရဲစခန်း၌ အမှုရေးဖွင့်တိုင်တန်းခဲ့သည်ဟု စက်မှုဇုန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်စွာလွင်ထံမှ သိရသည်။
“ အသက်(၁၂)နှစ်အရွယ် တတိယတန်းကျောင်းသူလေးရဲ့ လိင်အင်္ဂါကို ကားစပယ်ယာက (၁၅)မိနစ်ခန့်ကြာအောင် လက်နဲ့ထိုးပြီး အကြမ်းဖက်ခဲ့တာဖြစ်တယ်…” ဟု မုံရွာနယ်မြေ ရဲစခန်းမှူး ရဲအုပ် ရဲအောင်က ၎င်း၏ စစ်ဆေးပေါ်ပေါက်ချက် ပြောသည်။

လိင်အကြမ်းဖက် ခံရသည့်နေရာအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်နေပုံ
ယင်းဖြစ်စဉ်မှာ ထိုနေ့ ညပိုင်းက လိင်အကြမ်းဖက်ခံခဲ့ရသော မိန်းကလေးငယ်သည် နေအိမ်ရှေ့၌ သူငယ်ချင်းများနှင့် စော့ကစားနေစဉ် ဂျိမ်းဖော်ရွှေပြည် ကားစပယ်ယာဖြစ်သူ ကိုသူရ ဆိုသူမှ ရောက်ရှိလာပြီး သူမအား တူပုန်းတမ်း ကစားကြမည်ဟု ပြောဆိုပြီး စက်မှုဇုန်ရပ်ကွက် (၃၆)လမ်းရှိ လူနေထိုင်ခြင်းမရှိသော ခြံဝန်းအားကြီးအတွင်းရှိ ခြုံထဲသို့ခေါ်ဆောင်သွားကာ သူမ၏ ပါးစပ်အား ပိတ်၍ လိင်အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်ဟု သူမ၏ မိခင်က ထိုကဲသို့ မုံရွာနယ်မြေရဲစခန်းတွင် အမှုရေးဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

လိင်အကြမ်းဖက် ခံရသည့်နေရာအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်နေပုံ
ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းက အဆိုပါ ဖြစ်စဉ်အား (ပ) ၃၇/၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ အရ လိင်အကြမ်းဖက်ခဲ့သူဟု စွပ်စွဲခံရသူ ကိုသူရ အသက်(၂၇)နှစ်ဆိုသူအား အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်း( Child Protection) များကို လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒေသတွင်း လုပ်ဆောင်ပေးလျက်ရှိရာ ကလေးသူငယ်များအပေါ် မတော်မတရားပြုကျင့်ခြင်း၊နှင့် မလျော်မကံပြုကျင့်ခြင်း ( abuse) ဆိုင်ရာ ကိစ္စရပ်များကို ထိုဌာနမှ အလေးပေးလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
ကိုတိုး ချင်းတွင်း (facebook)
ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးအား ကားစပယ်ယာတစ်ဦးက လိင်အကြမ်းဖက်  ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးအား ကားစပယ်ယာတစ်ဦးက လိင်အကြမ်းဖက် Reviewed by THITHTOOLWIN on 07:11 Rating: 5
Powered by Blogger.