ကောလင်းမြို့နယ် လယ်ရင်းတဲကျေးရွာဆရာ၊ ဆရာမများအိမ်၌ ဖေါက်ထွင်းမှု့ဖြစ်ပွား


ကောလင်း ဇန်န၀ါရီ ၉

ကောလင်းမြို့နယ် လယ်ရင်းတဲကျေးရွာ အလယ်တန်းကျောင်းခွဲအတွင်း ဆရာမများနေထိုင်သောအိမ်အား ၃၁.၁၂.၂၀၁၆နေ့ညတွင် ဖေါက်ထွင်းခိုးယူမှု့ ဖြစ်ပွားခဲ့ပါသည်။

ဆရာမများ အသုံးပြုနေသော လူသုံးကုန်ပစ္စည်းများနှင့် ဆန်များပျောက်ဆုံးမှု့ဖြစ်ပွားရာ ကျေးရွာအုပ်ချုပ်ရေးမှုးအား အကြောင်းကြား တိုင်တန်းရာ(၇.၁.၂၀၁၇)နေ့တွင် တရားခံများဖြစ်ကြသော မြင့်ဇော်(ဘ)ဦးငွေမောင်း၊ မျိုးအောင်(ဘ)ဦးသံမောင်းတို့အား ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

ကျမတို့ရွာက ဖိုးရောင်းသူနှင့် ဖိုးရူသူတွေ တအားပေါတော့ ပစ္စည်းတွေ မကြာခနပျောက်ဆုံးနေပါတယ်။ ခုလို အခြားဒေသက လာရောက် သင်ကြားတဲ့ ဆရာမတွေအိမ် အဖေါက်ခံရတော့ ပိုစိတ်မကောင်းဖြစ်မိတာပေါ့။ သူတို့တတွေလုံခြုံစိတ်ချစွာ နေနိုင်အောင် ကျေးရွာတာဝန်ရှိသူများနှင့်ကျေးရွာသူ/သားများကလည်း ဂရုစိုက်ပေးသင့်ပါတယ်။ ဆရာမတွေက သူတို့ရဲ့လုံခြုံရေးကို စိတ်ပူပြီးပြန်သွားရင် ရွာမှာနေတဲ့ကျောင်းသူ/သားတွေရဲ့ပညာရေးကို ထိခိုက်မှာကိုစိုးရိမ်မိတယ်လို့ကျောင်းသားမိဘတဦးက သုံးသပ်ပြောဆိုပါတယ်။

ကျမတို့တတွေက ဒီရွာကိုလာရောက် တာဝန်ထမ်းရွက်တဲ့ ဝန်ထမ်းတွေပါ။ ကျမတို့အတွက် မလုံခြုံရင်နောက်ပြီး ကျမတို့တတွေ ညတိုင်းစိုးရိမ်ထိတ်လှန့်စွာနဲ့ နေနေရရင် စာသင်ခြင်း အလုပ်ကို ဘယ်လိုပျော်ရွှင်စွာလုပ်နိုင်မှာလည်း ဒါကြောင့်ကျမတို့တတွေကို ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်ကျေးရွာသူ/သားများကလည်း ကူညီစောင့်ရှောက်ပေးစေချင်ပါတယ်လို့ ဆရာမတဦးကလည်းပြောကြားခဲ့ပါသည်။

ကောလင်း မြို့နယ်ရေးရာ အဖြာဖြာ
https://www.facebook.com/klntimesnews
ကောလင်းမြို့နယ် လယ်ရင်းတဲကျေးရွာဆရာ၊ ဆရာမများအိမ်၌ ဖေါက်ထွင်းမှု့ဖြစ်ပွား ကောလင်းမြို့နယ် လယ်ရင်းတဲကျေးရွာဆရာ၊ ဆရာမများအိမ်၌ ဖေါက်ထွင်းမှု့ဖြစ်ပွား Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.