ကောလင်းမြို့နယ်အတွင်း အထူးကုဆရာဝန်ဟု လိမ်လည်ဆေးကုသူအား ဖမ်းဆီးရမိ


ကောလင်းမြို့နယ် ကျူတောအုပ်စု၊ ကံလယ်ကြီးရွာတွင် အထူးကုဆရာဝန်တဦးမှ ကျေးရွာသူ/သားများအား ဆေးကုသပေးနေကြောင်း ကြားသိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှုးမှ မသကာင်္ဖွယ် အချက်အလက်များအားသတိထားမိခဲ့ပါသည်။

ထိုကြောင့် အထူးကုဆရာဝန် Drအောင်မျိုးသူ အမည်ခံကာ ဆေးကုသနေသူအား အုပ်ချုပ်ရေးမှုးရုံးသို့လာရောက်တွေ့ဆုံရန် ဆင့်ခေါ်သောအခါ လာရောက်တွေ့ဆုံခြင်း မရှိဘဲ ရှောင်တိမ်းသွားခဲ့ပါသည်။

ထို့ကြောင့် ကံလည်ကြီးအုပ်ချုပ်ရေးမှုး ဦးကျော်အောင်မှ တရားလိုပြုပြီး ကောလင်းမြို့မရဲစခန်း၌ ပထမသတင်းပေးတိုင်တန်းချက်(၁၈/၂၀၁၇)အရ အမှု့ဖွင့်လှစ် တိုင်ကြားခဲ့ပါသည်။


ကောလင်းမြို့ ၊မြို့မရဲစခန်းခေတ္တမြို့နယ်မှူးဥဏ်မြင့်၏ လမ်းညွှန်မှု့၊ စခန်းမှုးစန်းယုနိုင်၏ ကြိုးပမ်းအားထုတ်မှု့ဖြင့် တရားခံအား အမြန်ဆုံးဖမ်းမိနိုင်ရန် အခြားမြို့နယ်ရဲစခန်းများဖြင့် ချိတ်ဆက်ဆောင်ရွက်ရာ ( ၆.၁.၂၀၁၇)ရက်နေ့တွင် အထူးကုဆရာဝန် အယောင်ဆောင် အောင်မျိုးသူ(ဘ)ဦးမြ၀င်း၊ အမှတ်(၁)ရပ်ကွက်၊ ချမ်းသာရပ်၊ ဆားလင်းကြီးမြို့အား ရွှေဘိုမြို့၌ ဖမ်းဆီးရမိခဲ့ပါသည်။

ကျနော်မြစ်ကြီးနားကနေ အပြန်ရထားပေါ်မှာ ကောလင်းမြို့နယ် ကံလယ်ကြီးကျေးရွာက ဦးရန်အောင်နဲ့စကားပြောရင်းသူ့အမေနဲ့မိန်းမဒူနာနေတာကိုပြောပြသဖြင့် လိုက်ကုပေးမယ်ပြောပြီး (၁၈.၁၂.၂၀၁၆)မှာကောလင်းကိုရောက်ခဲ့ပါတယ်။ ကောလင်းမြို့က တည်းခိုခန်းတခုမှာ တည်းရင်း ကံလယ်ကြီးနှင့်နှောခုံကျေးရွာအနီးတ၀ိုက် ကျေးရွာသူ/သား(၂၀၀)ကျော်နှင့် ကန့်ဘလူမြို့နယ်ကိုးထောင်ဘို့ကျေးရွာမှကျေးရွာသူ/သားများအား အထူးကုဆရာဝန်ပါဟု လိမ်လည်ပြီး ဆေးကုသပေးခဲ့ပါတယ်ဟု ၀န်ခံခဲ့ပါသည်။


ထို့အပြင် ၄င်းသည် သီတဂူနယ်လှည့်ဆေးကုသအဖွဲ့၏ အဖွဲ့ဝင်ဆရာဝန်တဦးဖြစ်ကြောင်း ကောလင်းမြို့နယ်တွင် သီတဂူမျက်စီဆေးရုံဖွင့်လှစ်ရန် မြေနီကျေးရွာအနီး မြေ(၂၅)ဧက၀ယ်ထားပြီ ဖြစ်ကြောင်း လူအများယုံကြည်စေရန်ပြောကြားခဲ့ပါသည်။

ကံလည်ကြီးကျေးရွာမှ လူနာပေါင်း(၅၀)ကျော်အား ရွှေဘိုခေါ်ဆောင်ပြီး ဘီပိုး၊ စီပိုးများ စစ်ဆေးပေးရန်နှင်ဓါတ်မှန်များ ရိုက်ပေးရန်ခေါ်ဆောင်သွားခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသည်။

မိမိပါတ်ဝန်းကျင်အနီးတ၀ိုက် အထူးကုဆရာဝန်အမည်ဖြင့် ဆေးကုသအဖွဲ့များ လာရောက်ကုသမှု့ရှိပါကခိုင်လုံသော စာရွက်စာတမ်းများပါမပါစုံစမ်းသင့်ကြောင်းနှင့် နားလည်သိကျွမ်းခြင်းမရှိလျှင် မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်ရဲစခန်းးသို့အကြောင်းကြားသင့်ကြောင်း ကျန်းမာရေးအသိုင်းအ၀ိုင်းမှ သုံးသပ်ပြောဆိုကြပါသည်။

အထူးကုဆရာဝန် အယောင်ဆောင် အောင်မျိုးသူထံမှ နယ်စီးမခြားဆရာဝန်များအဖွဲ့ဝင် ကပ်ပြားတခုနှင့်တဆိပ်တုံး(၃)ခု၊ ဖုံး(၂)လုံးအားသိမ်းဆီးရမိပြီး တရားခံအောင်မျိုးသူအား ကောလင်းမြို့မရဲစခန်းတွင်ဆေးကောင်စီ ပုဒ်မ(၅၈/၆၁)ဖြင့် အရေးယူအမှု့ဖွင့်ထာားကြောင်း သတင်းရရှိပါသည်။

ကောလင်း မြို့နယ်ရေးရာ အဖြာဖြာ
https://www.facebook.com/klntimesnews
ကောလင်းမြို့နယ်အတွင်း အထူးကုဆရာဝန်ဟု လိမ်လည်ဆေးကုသူအား ဖမ်းဆီးရမိ  ကောလင်းမြို့နယ်အတွင်း အထူးကုဆရာဝန်ဟု လိမ်လည်ဆေးကုသူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.