(၃)နှစ်ခွဲ မိန်းကလေးငယ် တစ်ဦးကို မုဒိန်းမှု ကျူးလွန်ဖို့ ကြံစည်မှု ဖြစ်ပွား

 ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ရာဇကြို ကျေးရွာတွင် အရွယ် (၃)နှစ်ခွဲ မိန်းကလေးငယ် တစ်ဦးကို မုဒိန်းမှုကြူးလွန်ဖို့ ကြံစည်မှု ဖြစ်ပွား
၁၄-၁-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ရာဇကြို ကျေးရွာမှာ(၁၃-၁-၂၀၁၇) ရက်နေ့(၀၈၃၀)အချိန် ဒေါ်.......သည် အလုပ် လုပ်ကိုင်ရာမှ ပြန်လာစဉ် အိမ်ချင်း ကပ်လျက်နေထိုင်သည့် ဆန်းမင်းသူ(၁၉)နှစ်၊ (ဘ)ဦးဝင်းဦး၊ တံငါလုပ်ငန်းလုပ်ကိုင်သူမှာအိမ်တွင် ထားရစ်ခဲ့သော သမီးဖြစ်သူ မ......(၃)နှစ်ခွဲနှင့်အတူ မိမိ၏ နေအိမ် အိပ်ခန်းအတွင်းမှ ထွက်လာသည်ကို တွေ့ရှိရသဖြင့် သမီးဖြစ်သူအား မေးမြန်းရာ ဆန်းမင်းသူမှ သမီးဖြစ်သူအား အိပ်ခန်းအတွင်းသို့ ခေါ်ကာ မ......၏ဘောင်းဘီအားချွတ်၍ ကြမ်းပြင်ပေါ်တွင် ပက်လက်လန်အိပ်ခိုင်းကာ ဆန်းမင်းသူမှ အပေါ်မှတက်ခွပြီး ၄င်း၏ ယောင်္ကျား တန်ဆာဖြင့် မ....၏ မိန်းမကိုယ်ကို ပွတ်တိုက်ပြီး လက်ညိုးဖြင့် မိန်းမကိုယ်ထဲသို့ ထိုးသွင်းခဲ့ကြောင်း ပြောပြသိရှိခဲ့ရ ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်......မှ ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး (၁၄-၁-၂၀၁၇) ရက်နေ့ (၀၇၃၀)အချိန် ပုလောမြို့မရဲစခန်းသို့ လာရောက်၍ သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်သူ ဆန်းမင်းသူအား ဥပဒေအရ အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်း သဖြင့် ပုလောမြို့မရဲစခန်း (ပ)၁၅/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၅၁၁/၃၇၇ဖြင့် အမှုဖွင့်လှစ်ပြီး အမှုအား ဒုတိယရဲမှူး စောနိုင်မှ စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
(၃)နှစ်ခွဲ မိန်းကလေးငယ် တစ်ဦးကို မုဒိန်းမှု ကျူးလွန်ဖို့ ကြံစည်မှု ဖြစ်ပွား (၃)နှစ်ခွဲ မိန်းကလေးငယ် တစ်ဦးကို မုဒိန်းမှု ကျူးလွန်ဖို့ ကြံစည်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 13:34 Rating: 5
Powered by Blogger.