ရေတာရှည်တွင် ကျောင်းဆရာမတဦးကို တူဖြစ်သူက သတ်၍ သေဆုံး


ဇန်န၀ါရီလ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ရေတာရှည်မြို့နယ် မှန်စီကျေးရွာ၊ ဆွာမင်းလမ်းကျေးရွာအုပ်စုတွင် လူသတ်မှုဖြစ်ပွားကြောင်း သိရှိရသဖြင့် ရဲအုပ် သောင်းစံ၊ တာဝန်မှူး ဒုရဲအုပ် ထွန်းထွန်းလင်းတို့ ဦးစီးသောအဖွဲ့ သွားရောက် စစ်ဆေးရာ ဒေါ်နွယ်နီမြင့် (၄၁) နှစ် (ဘ) ဦးကျော်စိန် အလယ်တန်းပြဆရာမ မှန်စီ အလက သည် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာ (၂) ချက်၊ လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာ (၁) ချက်ဖြင့် သေဆုံးနေကြောင်းတွေ့ရှိရပါသည်။


ဖြစ်စဉ်မှာ တရားခံ မောင်စိုးသူ (၂၃) နှစ် (ဘ) ဦးဌေးလွင်သည် တအိမ်တည်းအတူနေ အဒေါ်တော်စပ်သူ ဒေါ်နွယ်နီမြင့် နေအိမ်တွင် အရက်သောက်စားမူးယစ် ဆိုးသွမ်းနေသဖြင့် ဇန်န၀ါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက အိမ်ပေါ်မှ ဆင်းခိုင်းသည်ကို မကျေနပ်၍ ည ၈ နာရီခန်တွင် အရက်မူးပြီး အဒေါ်ဖြစ်သူ ဒေါ်နွယ်နီမြင့်အား ကတ်ကြေးဖြင့်ထိုးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။


သို့ပါ၍ တရားခံ မောင်စိုးသူအား အရေးယူပေးပါရန် ဒေါ်နွယ်နီမြင့်၏ အကိုဖြစ်သူ ဦးမြင့်နိုင် ၄၆ နှစ်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (အမှုကြီး အမှတ်စဉ် ၁/၂၀၁၇) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရှိရပါတယ်။

အောင်အောင်ခိုင် 24News Toungoo မှ သတင်းပေးပို့ပါသည်။

ဇန်န၀ါရီ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်
အောင် အောင် ခိုင်
https://www.facebook.com/tgotharw
ရေတာရှည်တွင် ကျောင်းဆရာမတဦးကို တူဖြစ်သူက သတ်၍ သေဆုံး  ရေတာရှည်တွင် ကျောင်းဆရာမတဦးကို တူဖြစ်သူက သတ်၍ သေဆုံး Reviewed by THITHTOOLWIN on 13:27 Rating: 5
Powered by Blogger.