ငါ့သရောက်မြို့နယ် ကုလားတဲကျေးရွာတွင် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ယာဉ်တိုက်မှုဖြစ်၍ သေဆုံး


ငါ့သရောက် ၊ ဇန်နဝါရီ - ၁၁

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့နယ် ကုလားတဲကျေးရွာတွင် ဇန်နဝါရီ ၁၁ ရက်၊ ယနေ့နံနက် ၆ နာရီ ၄၀ မိနစ် အချိန်က တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ယာဉ်တိုက်မှုဖြစ်ပွား၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ငါ့သရောက်မြို့နယ် ကုလားတဲကျေးရွာနေ (အဖ)ဦးလှမြင့်ဦး၏ သမီးဖြစ်သူ မသင်းနွဲ့စိုး အသက်(၁၈)နှစ်ခန့် သည် ကုလားတဲကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ကျောင်းတက်ရန်ထွက်လာခဲ့စဉ် ကျောင်းလမ်းဆုံအရောက် တွင် တစ်ရွာတည်းနေသူ (အဖ)ဦးဖိုးရွှေ၏ သားဖြစ်သူ မောင်မျိုးသန့် အသက်(၁၈)နှစ်ရှိသူ မောင်းနှင်လာသော(ISUZU) အမျိုး အစား ၊ ယာဉ်အမှတ်(2k – 7061) အပြာရောင်ကားဖြင့် အရှိန်မထိန်းနိုင်ပဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ယာဉ်တိုက်ခံရသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူ မသင်းနွဲ့စိုးတွင် နဖူးထိပ်ဦးခေါင်း (၄)လက်မခန့် ပေါက်ပြဲဒဏ်ရာနှင့် ကိုယ် ခန္ဓာခြေလက်များ ပွန်းပဲ့ဒဏ်ရာများ ရရှိသွားခဲ့သဖြင့် ငါ့သရောက်မြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်စဉ် ဆေးရုံး၌ သေ ဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုအား ငါ့သရောက်မြို့ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးရဲအုပ်ဇေယျာက ယာဉ်မဆင်မခြင် မောင်းနှင်သူ တရားခံမျိုးသန့်အား ယာဉ်(ပ) ၁/ ၂၀၁၇ ၊ ပုဒ်မ - ၃၀၄(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါ သည်။

ရဲဝင်းနိုင် (ညောင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ငါ့သရောက်မြို့နယ် ကုလားတဲကျေးရွာတွင် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ယာဉ်တိုက်မှုဖြစ်၍ သေဆုံး  ငါ့သရောက်မြို့နယ် ကုလားတဲကျေးရွာတွင် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ယာဉ်တိုက်မှုဖြစ်၍ သေဆုံး Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.