ကန်ပက်လက်မြို့နယ် မကြားအုပ်စု ခင်ရွာတွင် နေအိမ်မီးလောင်ရာမှ ကလေးငါးဦးသေဆုံး


မင်းတပ် ဇန်နဝါရီ ၁၁

ကန်ပက်လက်မြို့နယ် မကြားအုပ်စု ခင်ရွာတွင် ဇန်နဝါရီ ၉ ရက်နေ့ည ၉ နာရီက နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုကြောင့် ဦးမနားရွှီ၊ အသက်(၄၅ နှစ်)၏ ဝါကပ်ကာ၊ မြက်သက်ကယ်မိုးနေအိမ်တစ်လုံးနှင့် ဦးမနားရွှီး၏ သမီး မရှဲင်းမနား (၈ နှစ်)၊ ဒုတိယတန်းနှင့်သား မောင်ရွှီမနား(၇ နှစ်) ပထမတန်း၊ ဦးဟုန်းကီး၏သား မောင်ထန်းလော(၈ နှစ်)၊ ဒုတိယတန်းနှင့် မောင်ဟာဟုန်း (၆ နှစ်)KG တန်း၊ ဦးဟုန်းကွီး၏ သမီး မလှူးဟုန်း(၇ နှစ်)KG တန်းတို့ မီးလောင်ကျွမ်း၍ သေဆုံးခဲ့ကြသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ကန်ပက်လက်မြို့နယ်ရဲစခန်းမှ အမှုဖွင့်စုံးစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကန်ပက်လက်မြို့နယ် မကြားအုပ်စု ခင်ရွာတွင် နေအိမ်မီးလောင်ရာမှ ကလေးငါးဦးသေဆုံး  ကန်ပက်လက်မြို့နယ် မကြားအုပ်စု ခင်ရွာတွင် နေအိမ်မီးလောင်ရာမှ ကလေးငါးဦးသေဆုံး Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.