ကားတာယာများအတွင်း သိုဝှက်၍ တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ
မိုးကောင်း ၊ ဇန္နဝါရီ - ၁၃

ကချင်ပြည်နယ် ၊ မိုးကောင်းမြို့နယ်၊ (၈)မိုင်လမ်းဆုံတွင် ဇန္နဝါရီ(၁၃)ရက်နေ့၊ နေ့လည်(၃)နာရီအချိန်ခန့်က မိုးကောင်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးအေးကြူနှင့်အဖွဲ့သည် သတင်းအရ စောင်းဆိုင်းနေစဉ် UD(၆)ဘီးကားယာဉ်အမှတ်(7B/3369)အား ရပ်တန့်ရှာဖွေရာ ကားပေါ်တွင် တင်ဆောင်လာသော ကားတာယာများအတွင်း သိုဝှက်၍ တရားမဝင်တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများအား တွေရှိခဲ့ပြီး မိုကောင်းမြို့မရဲစခန်းသို့မောင်းနှင်စေခဲ့ကာ အသိသက်သေများရှေ့မှောက်တွင် ရှာဖွေစစ်ဆေးသိမ်းဆည်းခဲ့သည်။


ဆာလာအိတ်အဝါနှင့် ထည့်ထားသော အိတ်(၆၄)အိတ်အတွင်းမှ ကျောက်စိမ်းအရိုင်တုံး (၆၁၇)လုံး၊ အလေးချိန်(၁၂၈၆)ပိဿာ အား ရှာဖွေသိမ်းဆည်းပြီး မော်တော်ယာဉ်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့အား မိုးကောင်းမြို့မရဲစခန်းတွင် မိုးကောင်းမြို့မရဲစခန်း(ပ)၆/၂၀၁၇
ကျောက်မျက်ဥပဒေပုဒ်မ၄၂(က)အရ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရှိပါသည်။

ယဉ်မောင်း
သက်ထွန်း(၂၅)နှစ်၊(ဘ)ဦးခင်ဇော်ဦး
၅/ထခန(နိုင်)၀၆၈၅၄၉
မြတောင်ကျေးရွာ၊ထီးချိုင့်မြို့နယ်

ယာဉ်နောက်လိုက်
သိန်းဌေးဦး(၄၃)နှစ်၊(ဘ)ဦးချွတ်တား
၉/စကတ(နိုင်)၀၆၃၄၇၄
သရက်ခြံရပ်ကွက်၊ရွှေဘိုမြို့

မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
ကားတာယာများအတွင်း သိုဝှက်၍ တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ  ကားတာယာများအတွင်း သိုဝှက်၍ တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.