KIA တပ်မဟာ (၅)၊ တပ်ရင်း(၃) ဌာနချုပ် ငကျန်စခန်းအား တပ်မတော်စစ်ကြောင်းများက ထပ်မံသိမ်းပိုက်ရရှိ


ပွိုင့်-၇၆၈ လိုင်ဖောင်စခန်းအနီးရှိ KIA အကြမ်းဖက်သောင်းကျန်းသူများ၏ တပ်မဟာ (၅)၊ တပ်ရင်း(၃) ဌာနချုပ် ငကျန်စခန်းအား တပ်မတော်စစ်ကြောင်းများက ထပ်မံသိမ်းပိုက်ရရှိ

နေပြည်တော်၊ဇန်န၀ါရီ -၁၃

၂၀၁၆ ခုနှစ်၊ဒီဇင်ဘာလနှင့် ၂၀၁၇ခုနှစ် ၊ ဇန်န၀ါရီလများတွင် ကချင်ပြည်နယ်၊၀ိုင်းမော်မြို့ နယ်အတွင်း KIA အကြမ်းဖက်သောင်းကျန်းသူများ၏ ဂီဒုန်စခန်း၊ပွိုင့်-၇၆၈ လိုင်ဖောင်စခန်းနှင့် အနီးပတ်ဝန်းကျင်စခန်းများအား တပ်မတော်စစ်ကြောင်းများက သိမ်းပိုက်ရရှိခဲ့ပြီးနောက် ပွိုင့်-၇၆၈ စခန်း၏ အရှေ့ခြမ်း၌ နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိစဉ် ဇန်န၀ါရီ ၁၀ရက်မှ ၁၂ ရက်အထိ ပွိုင့်-၇၆၈ စခန်း၏ အရှေ့ တောင်ဘက် ၅မိုင်ခန့် အကွာရှိ KIA တပ်မဟာ(၅) ၊ တပ်ရင်း (၃) ဌာနချုပ်၊ ငကျန်စခန်း ခန့် မှန်းမြေပုံညွှန်း ( LH- ၇၃၃ ၇၆၁) အပါအ၀င် စခန်းငယ် ၃ ခုတို့ အား အမြောက်နှင့်လက်နက်ကြီးပစ်ကူရယူတိုက်ခိုက်ခဲ့ရာ ဇန်န၀ါရီ ၁၃ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့် တွင် စခန်းအားလုံး သိမ်းပိုက်ရရှိခဲ့သည်။


ရန်သူ့ထံမှ အလောင်းတချို့ ၊ လက်နက်မျိုးစုံ ၄ လက်အပါအ၀င် ခဲယမ်းမျိုးစုံ ၁၅၀၀တောင့် ၊ ကျည်အိမ်မျိုးစုံ ၆၀၀ ခန့် နှင့် ဗုံးသီးမျိုးစုံ ၅၀ လုံးခန့်အားသိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများမှ စစ်သည်တချို့  နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရကာ တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သိမ်းပိုက်ရရှိသည့်စခန်းနေရာများနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တို့အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
KIA တပ်မဟာ (၅)၊ တပ်ရင်း(၃) ဌာနချုပ် ငကျန်စခန်းအား တပ်မတော်စစ်ကြောင်းများက ထပ်မံသိမ်းပိုက်ရရှိ KIA တပ်မဟာ (၅)၊ တပ်ရင်း(၃) ဌာနချုပ် ငကျန်စခန်းအား တပ်မတော်စစ်ကြောင်းများက ထပ်မံသိမ်းပိုက်ရရှိ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.