နေပြည်တော်မှာ ဆိုင်ကယ်ဖြင့် လုယက်မှု ကျူးလွန်သူများအား ဖမ်းဆီးအရေးယူထား

ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူများအား ချက်ချင်း ဖမ်းဆီး အရေးယူထား
နေပြည်တော်၊ ဇန်နဝါရီ ၂၄

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်နေ မစန်းသီတာ(၃၃)နှစ်သည် သားဖြစ်သူအား ကျောင်းသို့လိုက်ပို့ပြီး ပြန်လာစဉ် လုယက်ခံရကြောင်း သိရပါသည်။

မစန်းသီတာ ဆိုင်ကယ်ဘေး လူ(၃)ဦးစီးနင်းလာသည့် ဆိုင်ကယ်မှ ကပ်လာပြီး ဆိုင်ကယ်လက်ကိုင်တွင် ချိတ်ထားသော ကြွပ်ကြွပ်အိတ်အနက်ရောင် အတွင်း ထည့်ထားသည့် ငွေကျပ်(၄၅,၀၀၀)ခန့်ပါ မိန်းမကိုင်ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားခြင်း ဖြစ်သည်။

မစန်းသီတာမှ  အော်ဟစ် အကူအညီ တောင်းခံမှုကြောင့် ဒက္ခိဏသီရိမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများနှင့် ရာအိမ်မှူးတို့မှ လိုက်လံဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ လယ်ဝေးမြို့၊ အမှတ်(၆)ရပ်ကွက်၌ ပိုက်ဆံအိတ်လုယက်သူများအား ဖမ်းဆီးမိ ခဲ့သည်။

 မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နေ သူများဖြစ်သည့် တင်စိုးလွင်(၂၃)နှစ်၊ တင်ဆွေလင်း(၂၀)နှစ်နှင့် ဇင်ကိုကို(၁၇)နှစ်တို့(၃)ဦးအား လုယူသွားသော ပိုက်ဆံအိတ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့(၃)ဦးအား ဒက္ခိဏသီရိမြို့မရဲစခန်း (ပ)၃၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိပါသည်။

သစ်ထူးလွင်



နေပြည်တော်မှာ ဆိုင်ကယ်ဖြင့် လုယက်မှု ကျူးလွန်သူများအား ဖမ်းဆီးအရေးယူထား  နေပြည်တော်မှာ ဆိုင်ကယ်ဖြင့် လုယက်မှု ကျူးလွန်သူများအား ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.