တောင်ဥက္ကလာ ၁၂ ရပ်ကွက်ရှိ ဖုန်းဆိုင်အတွင်းမှ ပုပ်ပွနေသော အမျိုးသမီးအလောင်း တွေ့ရှိ


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် ၁၂ ရပ်ကွက်၊ မေတ္တာလမ်း အမှတ် ၆၈၇ ရှိ Ever Smile ဖုန်းအရောင်းဆိုင်အတွင်း ဇန်န၀ါရီ ၂၃ ရက်နေ့ ညပိုင်းက ပုပ်ပွနေသည့် အမျိုးသမီးအလောင်းတခုတွေ့ရှိခဲ့ရကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းမှသိရသည်။

သေဆုံးသူမှာ အသက် (၃၆) နှစ်အရွယ် ဆိုင်ဝန်ထမ်း မမေသီတာစိုးဆိုသူဖြစ်ပြီး
ပတ်ဝန်းကျင်နေသူတို့က အနံဆိုးများရရှိကြောင်း ရဲစခန်းကိုအကြောင်းကြားသဖြင့် ည ၈ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များက ယင်းဖုန်းဆိုင်အတွင်း သော့ဖျက်ကာဝင်ရောက်ဆေးရာမှ အလောင်းအားတွေ့ရှိခဲ့ခြင်း ဖြစ်သည်။


အလောင်းတွင် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးနေသည်မှာ ၅ ရက်ခန့်ရှိပြီဟုယူဆရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ရဲတပ်ဖွဲ့၏စစ်ဆေးချက်အရ သေဆုံးသူမှာ ပန်းနာရင်ကြပ်ဝေဒနာခံစားနေရသူဖြစ်ပြီး ခြင်ထောင်အတွင်းသေဆုံးနေခြင်းဖြစ်သည်ဆိုသည်။

 အဆိုပါအမျိုးသမီးအလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးရုံက ပီအာရ် ၈၀ ဖြင့် လက်ခံထားကာ အမှုကို တောင်ဥက္ကလာပမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃/၁၇ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုရဲ
News Watch
https://www.facebook.com/NewsWatchJournal/
တောင်ဥက္ကလာ ၁၂ ရပ်ကွက်ရှိ ဖုန်းဆိုင်အတွင်းမှ ပုပ်ပွနေသော အမျိုးသမီးအလောင်း တွေ့ရှိ တောင်ဥက္ကလာ ၁၂ ရပ်ကွက်ရှိ ဖုန်းဆိုင်အတွင်းမှ ပုပ်ပွနေသော အမျိုးသမီးအလောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.