မျက်နှာချင်းဆိုင်မောင်းနှင်လာသော ဆိုင်ကယ်(၂)စီးတိုက်မိရာတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရှိ


မော်လူး ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးအုပ်စု ဟဲနုကျေးရွာအနီးတွင် မျက်နှာ ချင်းဆိုင်မောင်းနှင်လာသောဆိုင်ကယ်နှစ်စီး တိုက်မိရာ တစ်ဦးဒဏ်ရာရှိပြီး တစ်ဦးမှာမိုးညှင်း ဆေးရုံသို့အရေးပေါ်ပို့ဆောင်ကုသစဉ်သေဆုံးခဲ့ကြောင်း သိရသည် ။


ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ရက်နေ့ ညနေ ၃နာရီခွဲ အချိန်ခန့်က ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ် ဟဲနုကျေးရွာအနီး ကားလမ်းမိုင် တိုင်အမှတ် ၁၆၄/၆-၇ ကြားတွင်ဆိုင်ကယ် တိုက်မှု သတင်းကြောင့် မော်လူးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်မျိုးသူရနှင့်အဖွဲ့ သက်သေများဖြစ်သော ဟဲနုကျေးရွာရာအိမ်မှူး ဦးကျော်ဌေး ဦးတင်မောင်ဝင်းတို့နှင့်အတူသွား ရောက်စစ်ဆေးခဲ့ပါသည်။


 မိုးညှင်းဘက်မှမောင်းနှင်လာ သော HERO ANBO-125 စိမ်း နက်ကြား ဆိုင်ကယ်ကိုထွန်းထွန်းဦး၄၉နှစ်(ဘ) ဦးမောင်ဌေး နှောရိုးကျေးရွာ ယင်းမာပင်မြို့ နယ်နှင့် မော်လူးဘက်မှ MIKKO-125 ဖြူ ပြာ ကြားဆိုင်ကယ်ကို မောင်သိန်း ၃၂နှစ်(ဘ) ဦးကျော်အေးမောင်းနှင်ပြီး နောက်လိုက် မျိုးညွှန့်သူ ၂၀နှစ်(ဘ)ဦးကျော်တင် တို့မောင်းနှင်လာစဉ်မျက်နှာချင်းဆိုင်တိုက်မိရာ ထွန်းထွန်းဦးတွင်ဝဲဘက်နှာထင်ပေါက်ပြဲဒဏ်ရာ ဘယ်ဒူးပွန်းပဲ့ဒ်ဏ်ရာ(စိုးရိမ်ရ) မောင်သိန်းတွင် ဝဲဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာနှင့် မောင်မျိုးတွင် ဘယ်ညာဒူးပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ထွန်းထွန်းဦး၏ ဒဏ်ရာမှာစိုးရိမ်ရသဖြင့် မိုးညှင်းပြည်သူ့ဆေးရုံသို့ဆက်လက်ပို့ ဆောင်ခဲ့ပြီး ကုသဆောင်ရွက်နေစဉ် အဆိုပါညနေ ၅နာရီ ခွဲအချိန်တွင်သေဆုံးခဲ့သည်။


 ယာဉ်မဆင်မချင်မောင်းနှင့်မှု ကြောင့် မော်လူးရဲစခန်းမှ ယာဉ်(ပ)၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ /၂၇၉ မှ ၃၃၇-၃၃၈/၃၀၄(က)သို့ အမှု ရေးဖွင့်ခဲ့ပြီး အမှုစစ်ဒုရဲအုပ်မျိုးသူရကဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မျက်နှာချင်းဆိုင်မောင်းနှင်လာသော ဆိုင်ကယ်(၂)စီးတိုက်မိရာတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရှိ  မျက်နှာချင်းဆိုင်မောင်းနှင်လာသော ဆိုင်ကယ်(၂)စီးတိုက်မိရာတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရှိ Reviewed by THITHTOOLWIN on 23:37 Rating: 5
Powered by Blogger.