မြဝတီမြို့ မှာ အဓမ္မ ဗလက်ကာယပြု ရန် ကြံစည်သူ ဖမ်းမိ
14 - 1 -2017ရက်နေ့
ကရင်ပြည်နယ် မြဝတီမြို့  အမှတ် (၃) ရပ်ကွက် ကရင်စာပေအနောက် (၅)လမ်း ရှိ နေအိမ်တွင် မိဘ များမရှိခိုက် (13 -1 2017)ရက်နေ့ ည (၆ )နာရီ အချိန် အသက် (၁၁) နှစ်အရွယ် သမီးငယ်လေး (မ-----)တစ်ဦးတည်း ပန်းကန်ဆေးနေစဉ် မော်လမြိုင်မြို့ သုခဝတီ လမုတန်းရပ် (ဘ)ဦးဆန်းဝင်း ၏ သား (လက်ရှိမြဝတီမြို့ ရေလည်ကျွန်းတွင် မြင်းဆေးရောင်းပြီး ကြုံသလိုနေထိုင်သူ) မောင်သက်ပိုင် (၂၅)နှစ် မှ ရောက်ရှိလာပြီး မိန်းကလေးငယ်အား ပါးစပ်ပိတ် ဖမ်းချု ပ်ပြီး နားကပ်ချွတ်ရန် ကြိုးစား ဝဲဘက်မျက်လုံးအား ကိုက်ပြီး အတင်းအဓမ္မ ဗလက်ကာယပြု ရန် ကြံစည်မှု ဖြစ်ပွားခဲ့ပါသည်။
၎င်း ဖြစ်စဉ်အား မ---- ၏ ညီမ အသက် ၆ နှစ်အရွယ်ကလေးငယ်မှမြင်၍ အော်ဟစ်အကူအညီတောင်းသဖြင့် မောင်သက်ပိုင် မှာ ထွက်ပြေးတိမ်းရှောင်သွားပါသည် ။
၎င်း နောက် ည (၁၀) နာရီအချိန် တွင် (၁၁)အရွယ် သမီးငယ်လေး(မ------) မှ အိပ်ရာဝင်ရန်ပြင်နေစဉ် အိပ်မည့်ကုတင်အောက် ၌ မောင်သက်ပိုင် ပုန်းအောင်နေသည်ကို တွေ့ရှိရ၍ အော်ဟစ်အကူအညီတောင်းရာ မိဘ များ ရပ်ကွက်နေပြည်သူများ နှင့် ရာအိမ်မှုး ဦးမြင့်ဦး တို့မှ ဝိုင်းဝန်းဖမ်းဆီးပြီး အမှတ် (၃ ) ရပ်ကွက်ရုံး သို့ ဖမ်းဆီး ပို့ဆောင်ပေးခဲ့ပါသည် ။
ထို့နောက် အမှတ် ၃ ရပ်ကွက် ရုံး၏ အကြောင်းကြားမှုကြောင့် ခရိုင်မှုခင်းနှိမ်နှင်းရေးအဖွဲ့ မှ ရဲအုပ်မျိုးကျော် နှင့် ရပ်ကွက် (၃) နယ်ထိန်း တပ်ကြပ် ဇော်မင်းထွန်းတို့ရောက်ရှိလာပြီး ဖမ်းဆီး၍ မြဝတီရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နိုင်ရန် ပို့ဆောင်ခဲ့ပါသည် ။
မြဝတီ ရဲစခန်းသို့ ပို့ဆောင်စဉ် ကျနော့်၏ ဖုန်းဆက်မှုဖြင့် သိရှိပြီးရောက်ရှိလာသော အမှတ် ၃ ရပ်ကွက် ရပ်မိရပ်ဖ ဦးသန့်ဇင် ၊ ရာအိမ်မှုးတစ်ဖြစ်လဲ မှုခင်းသတင်းရှုထောင့် မြဝတီ ဥက္ကဌ ဦးဆန်းရင် ကလေးဖခင်နှင့် အတူ ကျနော်တို့ ည (၁၁)နာရီ ချိန်တွင် လိုက်ပါသွားခဲ့ပါသည် ။
အဲ့ဒီမှာ စတွေ့ပါပြီး မြဝတီရဲစခန်း တာဝန်မှုးရုံးခန်း အဝ ကူညီပါရစေ ဆိုင်းဘုတ်အောက်မှ အိပ်မှုန်စုန်ဖွား ထလာသည့် ပုံစံဖြင့် တာဝန်မှုး ရဲအုပ် အောင်ရှန် ၏ ပြည်သူနှင့်ဆက်ဆံရေးကတော့ ပြောင်းလဲလာသောခေတ် နှင့် ဘယ်လိုမှ အံမဝင် တလောကလုံး သူ့ လုပ်စာ စားနေရသည့် ပုံစံ တွေ့မြင်မိပါသည် ။
ကလေးငယ်မှ မူလ ဗီဇ သွက်လက်မှုအရ ပြောဆိုမှုအပေါ် နင့်ကိုမမေးရင် မဖြေနှင့်ဆိုပြီး မာန်ပါပါ ပိတ်ပင်လိုက်တော့ ရပ်ကွက်ရုံးတွင်ဖြစ်စဉ်မေးစဉ် သွက်လက်စွာ ပြောဆိုဖြေကြားတတ်သောကလေးငယ် ရဲစခန်းရောက် မှ ခွေးအ လှည်းနင်းသကဲ့သို့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ရပြီပေါ့ ။
ဆိုလိုတာက စနစ်အပြောင်း မှာ ပြည်သူ နှင့် ရဲ ဆက်ဆံရေး ပုံရိပ်ကောင်းအောင် မြန်မာနိင်ငံရဲတပ်ဖွဲ့၏ အထက်ပိုင်း မှ ပြောင်းလဲကျင့်သုံးလိုကြောင်း မြင်တွေ့ရသော်လဲ တကယ့်ပြည်သူနှင့် ထိတွေ့ဆက်ဆံရမည့် အောက်ခြေမှစ၍ မပြောင်းလျှင် ပြည်သူ များ၏ ပူးပေါင်းလိုမှု ပြည်သူ့မေတ္တာ မရနိုင်ပါ ။
နေနော်(မြဝတီ)
Powered by Blogger.