မော်ဟန်တွင် လူငယ်ဖေါက်ထွင်းအဖွဲ့(၄)ဦးကို ဖေါ်ထုတ်ဖမ်းဆီးရမိ


မိုးညှင်း ဇန္နဝါရီ ၁၃

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် မော်ဟန်ကျေးရွာတွင်ဈေးဆိုင်ခန်းအတွင်းဖေါက်ထွင်းခိုးယူမှု အား စုံစမ်းဖေါ်ထုတ်ခဲ့ရာမိဘအုပ်ထိန်းမှုအောက်ရှိ သောကလေးငယ်လေးများဖြစ်သော လူငယ် ဖေါက်ထွင်းအဖွဲ့(၄)ဦးကို ဇန်နဝါရီ ၁၃ရက်နေ့ ကေ ဖ်ါထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည် ။

ဖြစ်ပွါးပုံမှာ ဇန္နဝါရီလ(၈)ရက်နေ့ နံနက်(၅)နာရီ အချိန်တွင် မိုးညှင်းမြို့ နယ်မော်ဟန်ကျေးရွာနေ ဒေါ်မေသီတာ (၅၅)နှစ်သည် အိပ်ယာမှထ၍ ဈေးဆိုင်ခန်း ဖွင့်လှစ်စဉ် ဆိုင်အတွင်း ကောင်တာထဲတွင် ထားရှိသောကျောက်ကြည့်ဓါတ်မီး(၅)လက်l အော်ရီဒူးဆင်းကဒ်(၇)ကဒ်l ဆိုင်၏အနောက် ဖက်စတိုအတွင်းထားရှိသော အမျိုးသားဝတ် ဘောင်းဘီတို(၁၀)ထည်l ဂျော်ဒန်ဇိုအားကစား အင်္ကျီ(၂)ထည်lအားကစားဘောင်းဘီ(၄) ထည် စိုးမင်းတံဆိပ်ပါဂစ်တာ(၂)လက်တို့ ပျောက်ဆုံး နေကြောင်းတွေ့ ရှိရသဖြင့်မိုးညှင်းမြို့ မရဲစခန်း တွင်အမှု ဖွင့်လှစ်ခဲ့သဖြင့်မိုးညှင်းမြို့ မရဲစခန်းမှ (ပ)၅/၂၀၁၇ဖြင့်ဖွင့်လှစ်ကာတရားခံအား ဖေါ်ထုတ်နှို င်ရန်စုံစမ်းစစ်ဆေးမှု များပြု လုပ်ခဲ့သည်။

ထိုသို့ စုံစမ်းစစ်ဆေးရှာဖွေဖေါ်ထုတ်မှု ကြောင့်ဇန္နဝါရီလ(၁၃)ရက်နေ့ နေ့လယ်(၁၁) နာရီ (၄၅)မိနစ်အချိန်တွင်အမှု ဖြင့်အလိုရှိ နေသောလှခေါင်(၁၆)နှစ်(ဘ)ဦးလဗျ ဂမ် ကချင်ကုန်းရပ် မော်ဟန်ကျေးရွာမိုးညှင်းမြို့ နယ်lယော်ထုံ(၁၅)နှစ်(ဘ)ဦးခါလင်တန်ကချင်ကုန်းရပ် မော်ဟန်ကျေးရွာ မိုးညှင်းမြို့ နယ်lအိုက်ကြို င်(ခ)အွမ့်မွန်း(၁၅)နှစ်(ဘ)ဦးစံအွန့်  ကချင်ကုန်းရပ် မော်ဟန်ကျေးရွာ မိုးညှင်းမြို့ နယ်lဇင်ဦးလှို င်(၁၄)နှစ်(ဘ)ဦးတင်အောင် ကချင်ကုန်းရပ် မော်ဟန်ကျေးရွာ မိုးညှင်းမြို့ နယ်နေထိုင်သူတို့ အားသက်သေခံပစ္စည်းများနှင့် အတူဖမ်းဆီးရမိခဲ့သဖြင့်မိုးညှင်းရဲစခန်းက ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ဥပဒေနှင့်အညီအရေး ယူဆောင်ရွက်လျက်ရှိ ကြောင်းသိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မော်ဟန်တွင် လူငယ်ဖေါက်ထွင်းအဖွဲ့(၄)ဦးကို ဖေါ်ထုတ်ဖမ်းဆီးရမိ မော်ဟန်တွင် လူငယ်ဖေါက်ထွင်းအဖွဲ့(၄)ဦးကို ဖေါ်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:37 Rating: 5
Powered by Blogger.