ပါကစ္စတန်က စာသင်ကျောင်းအတွင်းသို့ ဝင်တိုက်မိသည့် ကုန်တင်ကားကြောင့် လူ၅ဦးသေ၊ ၃၀ဦးဒဏ်ရာရ

 ပါကစ္စတန်စာသင်ကျောင်းအတွင်း ဝင်တိုက်မိခဲ့သည့် ကုန်တင်ကားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
အစ္စလမ်မာဘက်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ကက်ရှ်မီးယားဒေသ ရှိ မိန်းကလေးကျောင်းတစ်ခုအတွင်းသို့ ဇန်နဝါရီ ၁၃ ရက် ကုန်တင်ကားတစ်စီး ဝင်တိုက်ခဲ့မှုကြောင့် အနည်းဆုံး ကျောင်းသူ ၄ဦး နှင့်ဆရာတစ်ဦး သေဆုံးပြီး အခြား ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Urdu သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ဂျုံအိတ်များတင်ဆောင်လာသော ကုန်တင်ကားသည် အရှိန်လွန်၍ လမ်းချော်ကာ ကက်ရှ်မီးယားဒေသ Baghခရိုင် ရှိ စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ကုန်တင်ကား ဝင်ရောက်လာချိန်၌ ကျောင်းသူများနှင့် ဆရာများသည် စာသင်ခန်းအပြင်ဘက်တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာရရှိခဲ့သော ကျောင်းသူ ၃၀ဦးအားလုံးသည် စတုတ္ထတန်းကျောင်းသူများဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် လေးဦးမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆဖြစ်ပွားပြီးနောက် ကုန်တင်ကားမောင်းသူသည် အခင်းဖြစ်ပွားရာမှ ထွက်ပြေးသွားသော်လည်း နောက်ပိုင်းတွင်ဖမ်းမိခဲ့ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
ပါကစ္စတန်က စာသင်ကျောင်းအတွင်းသို့ ဝင်တိုက်မိသည့် ကုန်တင်ကားကြောင့် လူ၅ဦးသေ၊ ၃၀ဦးဒဏ်ရာရ ပါကစ္စတန်က စာသင်ကျောင်းအတွင်းသို့ ဝင်တိုက်မိသည့် ကုန်တင်ကားကြောင့် လူ၅ဦးသေ၊ ၃၀ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 11:11 Rating: 5
Powered by Blogger.