အမ်းမြို့ နယ်မှာ ခြောက်ဘီးယာဉ် ချောက်ထဲထိုးကျ ယာဉ်မောင်းသေဆုံး

 စပါးခြွေလှေ့စက်များတင်ဆောင်လာသော ခြောက်ဘီးယာဉ် ချောက်ထဲထိုးကျ
အမ်း ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့ နယ် အမ်းတောင်အုပ်စု ဆင်ခုံကျေးရွာ အနီးတွင် မင်းဘူးမှ အမ်းမြို့ဘက်သို့ မောင်းနှင်လာသော ခြောက်ဘီးယာဉ် သည် ဘရိတ်ပေါက်ကာ ပေ၁ဝဝ ခန့် အနက်ချောက်ထဲထိုးကျကာ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီက တိမ်းမှောက်ခဲ့ ကြောင်း သိရသည်။

ဆင်ခုံတိုင်ကျေးရွာအနီး မိုင်တိုင် အမှတ်(၇၈/၆-၇)ကြား ယာဉ်တိမ်း မှောက်နေရာသို့ အမ်းမြို့မရဲစခန်းမှ ဒုတိယရဲမှူးသောင်းလွင် ပါဝင်သောအဖွဲ့ သွားရောက်စစ်ဆေးရာ မင်းဘူးမှ အမ်းမြို့ ဘက်သို့ စပါြးေ>ွခလှေ့စက်များ တင် ဆောင်လာသော ယာဉ်အမှတ် (4H/----) ခြောက်ဘီးယာဉ်အား ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့သစ်နေသူ သက်အောင်(၅၆ နှစ်) မောင်းနှင်လာ စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းသူမှာ အခင်းဖြစ်ရာနေရာ တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

(မြို့နယ် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမ်းမြို့ နယ်မှာ ခြောက်ဘီးယာဉ် ချောက်ထဲထိုးကျ ယာဉ်မောင်းသေဆုံး အမ်းမြို့ နယ်မှာ ခြောက်ဘီးယာဉ် ချောက်ထဲထိုးကျ ယာဉ်မောင်းသေဆုံး Reviewed by THITHTOOLWIN on 11:49 Rating: 5
Powered by Blogger.