အိုင်အက်စ်အဖွဲ့ ဝင် ချစ်သူရည်းစားနှင့် ဆက်သွယ်ရန် ကြိုးပမ်းမှုဖြင့် ရုရှားကျောင်းသူတစ်ဦး ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခံရ

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ နှင့်ဆက်သွယ်ခဲ့သော ရုရှားကျောင်းသူအား အချုပ်ထောင်ထဲ၌ တွေ့ ရစဉ်(ဆင်ဟွာ)
    မော်စကို ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

    ရှရှားနိုင်ငံ မော်စကိုခရိုင်ရှိ စစ်တရားရုံးက အိုင်အက်စ်(IS) အကြမ်းဖက်အဖွဲ့ နှင့်ဆက်သွယ်သော ရုရှားကျောင်းသူတစ်ဦးကို ဒီဇင်ဘာလ ၂၂ ရက်က ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်လိုက်ကြောင်း သိရသည်။

မော်စကိုတက္ကသိုလ်ကျောင်းသူ(ဟောင်း) Varvara Karaulova သည် တူရကီနယ်စပ်ကိုဖြတ်ကျော်၍ ဆီးရီးယားနိုင်ငံထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းမှုဖြင့် ၂ဝ၁၅ ခုနှစ်က တူရကီအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

Karaulova ၏ ချစ်သူရည်းစားသည် ဆီးရီးယားနိုင်ငံ၌ တိုက်ပွဲဝင်နေသော ဂျီဟတ်ဝါဒီ အိုင်အက်စ်အကြမ်းဖက်သမားတစ်ဦးဖြစ်ပြီး အကြမ်းဖက်အဖွဲ့ နှင့် ဆက်သွယ်ရန် ၄င်းအား လှုံ့ ဆော်ခြင်းခံခဲ့ရ ကြောင်း သိရသည်။

အဆိုပါ ထောင်ဒဏ်ပြစ်ဒဏ် အပေါ် Karaulova ၏ ရှေ့ နေ က တရားမျှတမှုမရှိသော ပြစ်ဒဏ်ဖြစ်ကြောင်း အယူခံလွှာတွင် ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
အိုင်အက်စ်အဖွဲ့ ဝင် ချစ်သူရည်းစားနှင့် ဆက်သွယ်ရန် ကြိုးပမ်းမှုဖြင့် ရုရှားကျောင်းသူတစ်ဦး ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခံရ အိုင်အက်စ်အဖွဲ့ ဝင် ချစ်သူရည်းစားနှင့် ဆက်သွယ်ရန် ကြိုးပမ်းမှုဖြင့် ရုရှားကျောင်းသူတစ်ဦး ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခံရ Reviewed by THITHTOOLWIN on 11:43 Rating: 5
Powered by Blogger.