သမီးယောက်ဖတော်စပ်သူ အချင်းချင်း စကားများရာမှ ပေါက်ပြားဖြင့် ခုတ်သတ် မှုဖြစ်ပွား


မိုင်းလင်း ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၊ မိုင်းလင်းအနောက်အုပ်စု၊ ဟွေဟိုင်းရွာ၌ သမီးယောက်ဖတော်စပ်သူ အချင်းချင်း လယ်ယာကိစ္စ စကားများရာမှ ပေါက်ပြားဖြင့် ခုတ်သတ်ရာ အမျိုးသားတစ်ဦးသေဆုံးသည့် ဖြစ်စဉ် ဒီဇင်ဘာ ၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။

'' ပါလိုင်ရွာမှာ ဈေးဝယ်ပြီး ပြန်အလာ မီးဖိုဆောင်မှာ ခင်ပွန်းဖြစ်သူဒဏ်ရာတွေနဲ့တွေ့လို့ အဖေနဲ့အတူ တာလေပြည်သူ့ဆေးရုံသို့ ပို့စဉ် ဆေးရုံမှာ ရရှိတဲ့ ဒဏ်ရာ များနဲ့ သေဆုံးသွားတယ်'' ဟု သေဆုံးသူ စိုင်းဆိုင်၏ ဇနီးဖြစ်သူ မနန်းဆောင်ခမ်းက ပြောသည်။

အမှုမှာ ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲက တာလေမြို့၊မိုင်းလင်းအနောက် အုပ်စု၊ ဟွေဟိုင်းကျေးရွာနေ မနန်းဆောင်ခမ်းသည် ဈေးမှပြန် အလာခင်ပွန်းဖြစ်သူ စိုင်းဆိုင်(၃၂ နှစ်)အား ၄င်းနှင့် မယားညီအစ်ကိုတော်စပ်သူ အိုက်မီ(၃၂ နှစ် ) တို အချင်းချင်း လယ်ယာကိစ္စစကားများရာမှ အိုက်မီက ဒေါသအလျောက်ပေါက်ပြားဖြင့် စိုင်းဆိုင်၏ ဦးခေါင်အား ခုတ်ရိုက်ခဲ့ရာ စိုင်းဆိုင်၏ ဦးခေါင်းထိပ်၊ မျက်လုံးများတွင် ဒဏ်ရာများ ရရှိပြီး တာလေပြည်သူ့ဆေးရုံတွင် သေဆုံးခဲ့သည်။

အမှုမှ လူသတ်မှုကျူးလွန်သူ အိုက်မီအား ဇနီးဖြစ်သူ မနန်းဆောင်ခမ်းက တရားလိုပြုလုပ်တန်တိုင်းရာ မိုင်းလင်းနယ်မြေရဲစခန်းက (ပ)၈/၂၀၁၆၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂ အရ အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
သမီးယောက်ဖတော်စပ်သူ အချင်းချင်း စကားများရာမှ ပေါက်ပြားဖြင့် ခုတ်သတ် မှုဖြစ်ပွား  သမီးယောက်ဖတော်စပ်သူ အချင်းချင်း စကားများရာမှ ပေါက်ပြားဖြင့် ခုတ်သတ် မှုဖြစ်ပွား Reviewed by THITHTOOLWIN on 06:11 Rating: 5
Powered by Blogger.