လမ်းမ​တော်​မြို့နယ်​တွင်​ ​မြေ​အောက်​ဓာတ်​အားလိုင်းကြိုး ​ပေါက်​ကွဲ


လမ်းမ​တော်​မြို့နယ်​ မဟာဗန္ဓုလ လမ်း​နှင့်​ ၁၁လမ်း​ထောင့်​ရှိ ထရန်​စ​ဖော်​မှာတွင်​ ဒီဇင်​ဘာလ ၈ရက်​​နေ့ည ၁၁:၄၀ နာရီတွင်​ အပူလွန်​ကဲရာမှ ​မြေ​အောက်​ဓာတ်​အားလိုင်းကြိုး ​ပေါက်​ကွဲရာ လျပ်​စစ်​မီးများပြတ်​​တောက်​ခဲ့ပြီး မြို့နယ်​လျပ်​စစ်​မှ တာဝန်​ရှိသူများ လာ​ရောက်​ပြင်​ဆင်​ရာ နံနက်​ ၁:၅၀ နာရီတွင်​ပြီးစီးခဲ့သည်​။


အဆိုပါ ဓာတ်​အားကြိုးတွင်​ ​ပေါက်​ကွဲမှုသုံးကြိမ်​ဖြစ်​ပွားကာ မီးပြတ်​​တောက်​ခြင်းဖြစ်​ပြီး ထိခိုက်​မှုမရှိခဲ့​ကြောင်း သိရသည်​။ ``အပူချိန်​ပြင်း​တော့ ​လောင်​သွားတာ​ပေါ့ သုံးစွဲတဲ့ load ​နေရာက​ပေါ့ ညပိုင်းကျ​တော့ air con. ဘာညာဖွင့်​​တော့ load များတာ​ပေါ့ နဲနဲပူသွားတာ​ပေါ့´´ဟု မြို့နယ်​လျပ်​စစ်​မန်​​နေဂျာ ဦး​ဇော်​ဝင်းမှ ​ပြောသည်​။``ဘာမှ​တော့ ကြီးကြီးမားမားမရှိပါဘူး ​ကြိုးအပြစ်​က​တော့ ကျိန်း​သေတာ​ပေါ့ ကြိုးက​လောင်​သွားတာ´´ဟု အ​ရေး​ပေါ်ပြုပြင်​​ရေးဌာနမှ ဦးမိုး​ဇော်​က​ပြောသည်​။
``အစ်​ကို သိရသ​လောက်​​တော့ ဒီအိုးကခန့်​မှန်း​ပြောရမယ်​ဆိုရင်​ အနည်းဆုံး၇နှစ်​၈နှစ်​​လောက်​​တော့ရှိပြီ ​နွေရာသီနဲ့ မိုးရာသီ​တွေမှာပိုဖြစ်​တယ်​ ခု​နောက်​ပိုင်း ပြည်​သူ့အစိုးရလက်​ထက်​မှာ​တော့ သူတို့လည်းလာလာလုပ်​​ပေးတယ်​ အစ်​ကို့အမြင်​က​တော့ ဒါကိုဘာလို့မပြင်​နိုင်​​သေးတာလဲ နည်းပညာမရှိလို့လား​ပေါ့ ဒီနှစ်​ထဲမှာဆို သုံးကြိမ်​ရှိသွားပြီ´´ဟု လှည်းတန်းလမ်း​နေ ဦး​အောင်​​အောင်​က ​ပြောသည်​။


၎င်းထရန်​စ​ဖော်​မာနှင့်​ ဓာတ်​အားလိုင်းမှ ၁၁လမ်း(လယ်​/​အောက်​)၊ ၁၂လမ်း​အောက်​ နှင့်​လှည်းတန်းလမ်းတို့ကို သိမ်​ကြီး​ဈေးဓာတ်​အားခွဲရုံမှ လျပ်​စစ်​ဖြန့်​ဖြူး​ပေး​နေခြင်းဖြစ်​သည်​။

ပေတလူ(Social Watch)
Central News Myanmar
https://www.facebook.com/CNMyanmar/
လမ်းမ​တော်​မြို့နယ်​တွင်​ ​မြေ​အောက်​ဓာတ်​အားလိုင်းကြိုး ​ပေါက်​ကွဲ လမ်းမ​တော်​မြို့နယ်​တွင်​ ​မြေ​အောက်​ဓာတ်​အားလိုင်းကြိုး ​ပေါက်​ကွဲ Reviewed by THITHTOOLWIN on 06:18 Rating: 5
Powered by Blogger.