သိမ်ဆိပ်- ပိန္နဲတော ကားလမ်းပေါ်၌ ပါဂျရိုးကား တိမ်းမှောက် လူနှစ်ဦးသေဆုံး သုံးဦးဒဏ်ရာ ရ

 သိမ်ဆိပ်- ပိန္နဲတော ကားလမ်းပေါ်၌ အရှိန်မထိမ်းနိုင်သော ပါဂျရိုးကား တိမ်းမှောက် လူနှစ်ဦးသေဆုံး သုံးဦးဒဏ်ရာ ရ
သုဝဏ္ဏဝတီမြို့ ဒီဇင်ဘာ ၂၉

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ၌ ဒီဇင်ဘာ ၂၉ရက် နေ့လည်ပိုင်းအချိန်က မြို့နယ်ချင်းဆက်လမ်းဖြင့်သော သိမ်ဆိပ်- ပိန္နဲတော ကားလမ်းပေါ်တွင် ပါရာဒိုယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မူကြောင့် လူနူစ်ဦး ပွဲခြင်းပြီး သေဆုံး၍ လူသုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည် ။

အဆိုပါ ယာဉ်တိမ်းမှောက်မူနေရာသို့ သတင်းရရှိသည်နှင့် တာဝန်မှူး ဒုရဲအုပ် ကိုကိုလတ် နှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းသူ ကိုကျော်ဖြိုး (ကျိုက္ကော်ရပ်ကွက် သုဝဏ္ဏဝတီမြို့)မောင်းနှင်လာသည့် ယာဉ်အမှတ် 9H/5735 ခဲရောင် ပါရာဒိုယာဉ်သည် ထုံးဘိုလေးကျေးရွာ နှင့် ဝီယော်ကျေးရွာအကြား မိုင်တိုင်အမှတ် ၅/၃ နှင့် ၅/၄ အရောက်တွင် လမ်းဘေးကျောက်ပုံအား ရှောင်တိမ်းရာမှ အရိုန်မထိမ်းနိုင်ဘဲ ကားလမ်းမပေါ်၌ နူစ်ပတ် သုံးပါတ်လိမ့်ကာ တိမ်းမှောက်သွားသဖြင့် ကားပေါ်တွင် ပါလာသူ ငါးဦးအနက် ယာဉ်မောင်းသူ ကိုကျော်ဖြိုး နှင့် ကိုဇေဝင်းထွဋ် (သိမ်ဆိပ်ရပ်ကွက် သုဝဏ္ဏဝတီမြို့) တို့နူစ်ဦးမှာ ကားပေါ်မှ လွှင့်စင်ကျသွား၍ နေရာတွင် ပွဲခြင်းပြီး သေဆုံးခဲ့ကြောင်း သိရသည် ။

ကားအတွင်းကျန်ရစ်ခဲ့သူများဖြစ်သော ကိုကျော်ဝင်းမြင့် (ပေါင်းတည်မြို့နယ်) ကိုဇော်လတ် (ပဲခူးမြို့နယ်) နှင့်ကိုလွှင်မိုးဦး (ကျိုက္ကော်ရပ်ကွက် သုဝဏ္ဏဝတီမြို့) တို့သည် ဒဏ်ရာများ(မစိုးရီမ်ရ) ရရှိခဲ့သဖြင့် သိမ်ဆိပ် တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည် ။

ဖြစ်စဉ်နှင့်ပတ်သတ်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူအား သိမ်ဆိပ်နယ်မြေရဲစခန်းမှ ယာဉ်(ပ) ၃၉/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမူဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည် ။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သိမ်ဆိပ်- ပိန္နဲတော ကားလမ်းပေါ်၌ ပါဂျရိုးကား တိမ်းမှောက် လူနှစ်ဦးသေဆုံး သုံးဦးဒဏ်ရာ ရ   သိမ်ဆိပ်- ပိန္နဲတော ကားလမ်းပေါ်၌ ပါဂျရိုးကား တိမ်းမှောက် လူနှစ်ဦးသေဆုံး သုံးဦးဒဏ်ရာ ရ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.