KIA လက်နက်ကိုင်အဖွဲ့က ခရီးသွားမော်တော်ယာဉ် တစ်စီးအား သေနတ်ဖြင့် ပစ်ခတ်


ဒီဇင်ဘာ ၃၀၊ ၂၀၁၆

မန္တလေးမှ နမ့်ခမ်းသို့ မောင်းနှင်လားသော ခရီးသွားယာဉ်တစ်စီးအား ဒီဇင်ဘာ ၂၉ ရက် နေ့ ညနေပိုင်းတွင် KIA လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သဖြင့် ယာဉ်ပေါ်ပါ ပြည်သူတစ်ဦး သေနတ်ကျည် ထိမှန်ခဲ့သည်။


ဒီဇင်ဘာ ၂၉ ရက် ညနေ ၄နာရီခွဲတွင် မန္တလေးမှ နမ့်ခမ်းသို့ ဇော်မျိုး မောင်းနှင် လာသော DD/6585 မတ်တူးယာဉ်အား ကွတ်ခိုင်မြို့နယ် ပန်တမော့ကျေးရွာအနီး၌ KIA လက်နက်ကိုင်အဖွဲ့က တားဆီးစဉ် ရပ်တန့်မပေးသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ယာဉ်နောက်ခန်းဘော်ဒီအား ကျည်ဖောက်ဝင်ပြီး ယာဉ်ပေါ်ပါ ခရီးသည် စိုင်းထွန်းစိန်၏ ယာခြေသလုံး ကျည်ဖောက်ဝင်ဒဏ်ရာရရှိသဖြင့် နမ့်ခမ်းမြို့၌ ဆေးဝါး ကုသမှု ခံယူလျက်ရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
KIA လက်နက်ကိုင်အဖွဲ့က ခရီးသွားမော်တော်ယာဉ် တစ်စီးအား သေနတ်ဖြင့် ပစ်ခတ် KIA လက်နက်ကိုင်အဖွဲ့က ခရီးသွားမော်တော်ယာဉ် တစ်စီးအား သေနတ်ဖြင့် ပစ်ခတ် Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.