လူငယ်ချင်း စကားများသည့်ကိစ္စ မကျေနပ်၍ ကားဖြင့် လိုက်တိုက်သူအား ဘားအံမြို့မရဲစခန်းတွင် အရေးယူထား

လူငယ်ချင်း စကားများသည့်ကိစ္စ မကျေနပ်၍ ကားဖြင့် လိုက်တိုက်သူအား ဘားအံမြို့မရဲစခန်းတွင် အရေးယူထား
ဘားအံ ဒီ ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်၊ လူငယ်အချင်းချင်း စကားများ ရန်ဖြစ်သည့် ကိစ္စအား မကျေနပ်ရာမှ လမ်းလျှောက်နေစဉ် ပရိုဘောက်ယာဉ်ဖြင့် လိုက်တိုက်ခဲ့သဖြင့် အတိုက်ခံရသူမှာ ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့သည့်အတွက် လူကိုသေစေရန် အကြံဖြင့် ကားဖြင့်တိုက်ခဲ့သူအား ဘားအံ မြို့မ ရဲစခန်းတွင် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ၂၈-၁၂-၂၀၁၆ ရက်နေ့ ည (၁၁)နာရီ၊ မိနစ်(၃၀)အချိန်ခန့်တွင် ဘားအံမြို့၊အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံ အားကစားရုံရှေ့တွင်ဆန်းကိုကို၊ ၂၇နှစ်၊ (ဘ)ဦးကျော်သန်း၊ ပဒုမ္မာလမ်း၊ အရိယာဝံသဘုန်းကြီးကျောင်းရှေ့၊အမှတ်(၁)ရပ်ကွက်၊ ဘားအံမြို့နေထိုင်သူနှင့် ဝေယံထွန်း၊ ၂၁နှစ်၊ (ဘ)ဦးဆန်းထွန်း၊ ကားဝင်းဟောင်းရှေ့၊ အမှတ်(၉)ရပ်ကွက်နေထိုင်သူတို့ (၂)ဦး စကားများခဲ့ရာ ဝေယံထွန်းမှ အဆိုပါကိစ္စအား မကျေနပ်သည့်အတွက် ဆန်းကိုကိုအား လမ်းလျှောက်နေစဉ် 9K/7381 ၊နံပါတ်တပ် (လိုင်စင်စိစစ်ဆဲ)၊အပြာရောင်၊ ပရိုဘောက်အမျိုးအစားယာဉ်ဖြင့် ၀င်တိုက်ခဲ့သဖြင့် ဆန်းကိုကိုတွင် နဖူးပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ၀မ်းဗိုက်ပွန်းခြစ်ဒဏ်ရာ(၁)ချက်၊ ၀ဲဘက်လက်ချောင်းများထိပ်တွင် ပွန်းခြစ်ဒဏ်ရာများ၊ ၀ဲဘက်ခြေသလုံးရိုးကျိုးနာကျင်ဒဏ်ရာ၊ ယာဒူးဆစ်ပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ အသီးသီးရရှိခဲ့သဖြင့် ဘားအံဆေးရုံကြီးသို့တင်ပို့ကုသခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘားအံမြို့မရဲစခန်းတွင် (ပ)၇၉၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း ဘားအံမြို့မ ရဲစခန်းမှ သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
https://www.facebook.com/Hpaannews.kayin/
လူငယ်ချင်း စကားများသည့်ကိစ္စ မကျေနပ်၍ ကားဖြင့် လိုက်တိုက်သူအား ဘားအံမြို့မရဲစခန်းတွင် အရေးယူထား  လူငယ်ချင်း စကားများသည့်ကိစ္စ မကျေနပ်၍ ကားဖြင့် လိုက်တိုက်သူအား ဘားအံမြို့မရဲစခန်းတွင် အရေးယူထား Reviewed by THITHTOOLWIN on 12:39 Rating: 5
Powered by Blogger.