မေယုကျွန်းအနီးမှာ စိတ်ကြွမူးယစ်ဆေးဝါး ဆေးပြား ၄၃ သိန်းခန့် ဖမ်းဆီးမိ

မူးယစ်ဆေးဝါးများ တင်ဆောင်ထားသည့် စက်လှေတစ်စီးကို တပ်မတော်စစ်ရေယာဉ်က ဖမ်းဆီးရမိ

ဒီဇင်ဘာ ၃၁၊ ၂၀၁၆

မူးယစ်ဆေးဝါးများတင်ဆောင်ထားသည့် စက်လှေတစ်စီးကို ပင်လယ်ပြင်တွင် တိုက်ကင်းလှည့် တာဝန်ထမ်းဆောင် နေသည့် တပ်မတော်စစ်ရေယာဉ်က ဒီဇင်ဘာ ၃၀ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ တပ်မတော်ရေမှ စစ်ရေယာဉ်တစ်စီး ဒီဇင်ဘာ ၃၀ ရက်က တိုက်ကင်းလှည့်တာဝန် ထမ်းဆောင်နေစဉ် မေယုကျွန်း၏ အနောက်မြောက်ဘက်သို့ရောက်ရှိစဉ် မသင်္ကာဖွယ် စက်လှေတစ်စီး အား တွေ့ရှိရသဖြင့် မီးအချက်ပြ ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့် လက်နက်ငယ် ဖြင့် ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးခဲ့ရာ ည ၁၀ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် စက်လှေပေါ်မှ ကျေးတောပိုက်စိပ်ကျေးရွာနေ သာထွန်း (၃၇) နှစ်၊ ခင်လှ (၂၇) နှစ် နှင့် သိန်းညွန့် (၂၅) နှစ်တို့ ၃ ဦးနှင့်အတူ ပီနံအိတ်ထုပ်အကြီး ၁၈ ထုပ်တို့အား တွေ့ရှိခဲ့ သဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး ဆေးပြား ၄၃ သိန်းခန့် သိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများနှင့် သိမ်းဆည်းရမိပစ္စည်းများအား ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးပြီး တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
မေယုကျွန်းအနီးမှာ စိတ်ကြွမူးယစ်ဆေးဝါး ဆေးပြား ၄၃ သိန်းခန့် ဖမ်းဆီးမိ မေယုကျွန်းအနီးမှာ စိတ်ကြွမူးယစ်ဆေးဝါး ဆေးပြား ၄၃ သိန်းခန့် ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 12:23 Rating: 5
Powered by Blogger.