နောင်လုံတိုးဂိတ်တွင် လက်နက်ခဲယမ်းနှင့် လက်ဗစ်ဗုံး ဖမ်းဆီးရမိ

ပူးပေါင်းအဖွဲ့ဖြင့် နောင်လုံတိုးဂိတ်တွင် ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ရာမှ လက်နက်ခဲယမ်းနှင့်လက်ဗစ်ဗုံးတို့ ဖမ်းဆီးရမိ

ဘားအံ ဒီဇင်ဘာ ၂၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-မြ၀တီကားလမ်း နောင်လုံတိုးဂိတ် တွင် လိုင်စင်မဲ့မော်တော် ယာဉ်များ ဖမ်းဆီးရန်နှင့် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါး၊ အဖျက်အမှောင့် လုပ်ကိုင်သူများ ၀င်ရောက်သယ်ဆောင်လာခြင်း မရှိစေရန် ပူးပေါင်းအဖွဲ့ ဖြင့်  ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ရာမှ လက်နက်ခဲယမ်းနှင့်လက်ဗစ်ဗုံးတို့ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

 ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးတင်ဝင်း ဦးစီးသည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ (၂၁ )ရက်နေ့က ယာဉ်များအား ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ညနေ (၄)နာ ရီ၊ မိနစ်(၃၀) အချိန်ခန့်၌ ဘားအံဘက်မှ ယာဉ်မောင်းစောခင်ကျော်၊ ၃၅နှစ်၊ ကော့သာခေါင်ကျေးရွာ၊ ကော့စိန်ဘန်း(အောက်) ကျေးရွာအုပ်စု၊ ဘားအံမြို့နယ်နေသူမောင်းနှင်ပြီး ယာဉ်မောင်းဘေးတွင် စောလင်းထွေး၊၄၁နှစ်၊ (လိပ်စာတူ)၊ ယာဉ်နောက်ခန်းတွင် ဒေါ်ရင်ဌေး၊ ၄၃နှစ်နှင့် ၄င်း၏ ညီမဖြစ်သူ မသန်းသန်းစိုး၊ ၃၇နှစ်၊ (လိပ်စာတူ)တို့ စီးနင်း လိုက်ပါလာသော ယာဉ်အမှတ် ၃ဂ/၄၄၇၄၊နံပါတ်တပ် (လိုင်စင်စိစစ်ဆဲ)၊ Honda Fit အဖြူရောင်ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်မောင်း ထိုင်ခုံနောက်ကျောတွင် ချိတ်ထားသည့် အနက်ရောင် အီကွေးမန့်ခါးပတ်အိတ်အတွင်း ထည့်ထားသော ကိုးလုံးကျည်ဖြင့် ပစ်ခတ်ရသည့် တစ်လုံးထိုးသေနတ်အတို(၁)လက်၊ အဖွဲ့အစည်းတစ်ခု၏ ရာထူးဘက်တံဆိပ်တပ်ထားသော အင်္ကျီ၏ ၀ဲဘက်အိပ်ကပ်အတွင်းမှ ကိုးလုံးကျည်(၄)တောင့်၊ ယာဘက်အိပ်ကပ်အတွင်းမှ 91 အမျိုးအစား လက်ပစ်ဗုံး(၁)လုံး၊ အဖွဲ့အစည်းစိစစ်ရေးကဒ်ပြား(၁)ခုတို့ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ၍ အိန္ဒုနယ်မြေရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)
https://www.facebook.com/Hpaannews.kayin/
နောင်လုံတိုးဂိတ်တွင် လက်နက်ခဲယမ်းနှင့် လက်ဗစ်ဗုံး ဖမ်းဆီးရမိ  နောင်လုံတိုးဂိတ်တွင် လက်နက်ခဲယမ်းနှင့် လက်ဗစ်ဗုံး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.